DVB Logo
Home
မြန်မာသတင်း
ဦးပိုင်ငွေ အလွဲသုံးစားလုပ်မှုဖြင့် တောင်ငူလေတပ်စခန်းဌာနချုပ်မှူး စစ်ဆေးခံရ
DVB
·
May 4, 2026
Photo : CINCDS
Photo : CINCDS
Donate to DVB

တပ်ရင်းတပ်ဖွဲ့က ဦးပိုင်ငွေတွေ အလွဲသုံးစားလုပ်မှုနဲ့ ပဲခူးတိုင်း တောင်ငူခရိုင် ကေတုမတီမြို့အခြေစိုက် တောင်ငူတပ်စခန်းဌာနချုပ်က ဌာနချုပ်မှူးကို စစ်ဆေးနေတယ်လို့ လေတပ်အသိုက်အဝန်းက သိရပါတယ်။

တောင်ငူလေတပ်စခန်းဌာနချုပ်က ဌာနချုပ်မှူးအနေနဲ့ တပ်ရင်းတွေကိုပေးရမယ့် ဦးပိုင်ငွေတွေ ထုတ်မပေးဘဲ မိမိကိုယ်ကျိုးအတွက် သုံးစွဲနေတာကြောင့် ဧပြီ ၂၉ ရက်က တိုင်ကြားခံရတာလို့ လေတပ်နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“ဦးပိုင်ငွေတွေ လစဥ်သွင်းနေတဲ့ အသက်အာမခံကြေးတွေကို သေဆုံးတဲ့အခါ ထုတ်မပေးလို့ တပ်မိသားစုတွေက တိုင်တာ။ ဧပြီလ ၂၉ ရက်ကတိုင်တယ်၊ မေလ ၂ ရက်မှာ စစ်ဆေးတယ်။” 

ဦးပိုင်ငွေကိစွအပြင် တောင်ငူလေတပ်စခန်းကို ပြည်သူကာကွယ်ရေးတပ် PDF တွေက မကြာခဏ ဒရုန်းနဲ့တိုက်ခိုက်တဲ့ ဖြစ်စဥ်တွေကို သတင်းထိန်ချန်တာကြောင့် ဌာနချုပ်မှူး ဗိုလ်မှူးကြီး ရန်နိုင်ကို စစ်ဆေးနေတာလို့ နေပြည်တော်သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“ဦးပိုင်ကိစွထက် တောင်ငူလေတပ်စခန်းဌာနချုပ် ဒရုန်းတိုက်ခံရတဲ့ ဖြစ်စဥ်တွေကို အထက်ကို မတင်ပြလို့ စစ်ဆေးတာလည်းပါတယ်။ လက်ရှိ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ စစ်ဆေးနေတယ်။” ပြီးခဲ့တဲ့ မတ် ၁၂ ရက်ညက တောင်ငူမြို့ ကေတုမတီမြိုအခြေစိုက် လေတပ်စခန်းဌာနချုပ် ၁၀၇ မမ ရှော့တိုက်ဒုံး နဲ့ ပစ်ခတ်ခံရပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှု များခဲ့တယ်လို့လည်း သတင်းအရင်းအမြစ်က ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ကနေ ၂၀၂၆ ခုနှစ်အတွင်း တောင်ငူလေတပ်စခန်းဌာနချုပ် ဒရုန်းနဲ့တိုက်ခတ်ရတာ၊ ရှောတိုက်ဒုံး နဲ့ ပစ်ခတ်ခံရတဲ့ဖြစ်စဥ် ၈ ကြိမ်ထပ်မနည်း ရှိတယ်လို့ လေတပ်အသိုက်အဝန်းက သိရပါတယ်။ 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013