
မိုးရာသီကို ဖြစ်စေတဲ့ အနောက်တောင်မုတ်သုံလေဟာ မေ ၂၃ ရက် ဒီနေ့ မြစ်ဝကျွန်းပေါ် ဒေသဆီကို ဝင်ရောက်ခဲ့ပြီလို့ မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။
မေ ၁၆ ရက်မှာ တနင်္သာရီတိုင်းအလယ်ပိုင်းအထိ မုတ်သုံလေ ဝင်ရောက်လာပြီး မေ ၂၃ ရက်မှာ တော့ မြစ်ဝကျွန်းပေါ်ဒေသတွေ၊ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနဲ့ အရှေ့ အလယ်ပိုင်းဆီ ဝင်ရောက်ခဲ့ပြီလို့ ဆိုပါတယ်။
တနိုင်ငံလုံးမှာ မိုးရွာနိုင်ပြီး တချို့ဒေသမှာ နေရာစိပ်စိပ်၊ တချို့ဒေသမှာ နေရာကျဲကျဲ ရွာနိုင်ပေမဲ့ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်တို့မှာတော့ နေရာကွက် မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မနှစ်ကတော့ အနောက်တောင်မုတ်သုံလေဟာ မေ ၁၃ ရက်က တနင်္သာရီတိုင်းအလယ်ပိုင်းအထိ ဝင်ရောက်ခဲ့တာကြောင့် ဒီနှစ်မှာ ၃ ရက်နောက်ကျခဲ့ပြီး မြစ်ဝကျွန်းပေါ်ဒေသကို ၆ ရက်နောက်ကျ ဝင်ရောက်လာတာပါ။
မုတ်သုန်လေဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၁ ရက်မှာ မြစ်ဝကျွန်းပေါ်ဒေသကနေ ဆုတ်ခွာခဲ့ပြီး မိုးရာသီကုန်ဆုံးခဲ့တာကြောင့် မိုးကာလဟာ ၅ လထိရှိခဲ့ပါတယ်။










