
တော့တင်ဟမ်စပါးအသင်းဟာ လီဗာပူး နောက်ခံလူ အန်ဒီရောဘတ်ဆင်ကို လာမဲ့ နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို အဆင့်မြင့်ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။
အသက် ၃၂ နှစ်အရွယ် စကော့တလန်ခေါင်းဆောင်ဟာ ဒီရာသီကုန်မှာ အန်ဖီးလ်ကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုထားပြီးသားဖြစ်ပြီး စပါးက သူ့ကို အသင်းရဲ့ ခေါင်းဆောင်မှုပိုင်းအတွက် အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတာပါ။
ဒါပေမဲ့ ဒီအပြောင်းအရွှေ့ဟာ စပါးအသင်း ပရီးမီးယားလိဂ်မှာ ဆက်ရှိနေနိုင်မလားဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။
လက်ရှိမှာ စပါးဟာ တန်းဆင်းဇုန် (အဆင့် ၁၈) ထဲ ရောက်နေပြီး အသင်းခေါင်းဆောင် ရိုမီရိုကလည်း ဒူးဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရတော့မှာဖြစ်လို တန်းမဆင်းရရေးအတွက် တကယ်ကို ရုန်းကန်နေရတဲ့ အခြေအနေပါ။
တကယ်လို့ တန်းမဆင်းရဘူးဆိုရင်တော့ ရောဘတ်ဆင်ဟာ နည်းပြဒီဇာဘီရဲ့ အသင်းသစ်အတွက် အရေးပါတဲ့ ခေါ်ယူမှု ဖြစ်လာမှာပါ။










