
ကိုဗင်ထရီစီးတီးအသင်းဟာ ဘလက်ဘန်းနဲ့ (၁-၁) ဂိုးနဲ့ သရေကျခဲ့ပြီးနောက် ပွဲစဉ် ၃ ပွဲအလိုမှာတင် ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ဆီ တိုက်ရိုက်တန်းတက်ခွင့် ရသွားပြီဖြစ်ပါတယ်။
ဒါဟာ ကိုဗင်ထရီအတွက် ၂၅ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ အောင်မြင်မှုဖြစ်ပြီး နည်းပြ ဖရန့်လမ်းပတ် အတွက်လည်း သူ့ရဲ့ နည်းပြဘဝမှာ အမှတ်ရစရာ အောင်မြင်မှုတခု ဖြစ်လာခဲ့ပါတယ်။
၂၀၂၄ နိုဝင်ဘာမှာ အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ လမ်းပတ်က "ဒီအသင်းနဲ့ ကျနော် ချစ်သူ ဖြစ်ခဲ့ရပြီး ဒီအောင်မြင်မှုဟာ ကျနော့် ကစားသမားဘဝ ဆုဖလားတွေနဲ့တန်းတူ ဂုဏ်ယူစရာပါပဲ" လို့ ပြောကြားခဲ့ပါတယ်။
ကိုဗင်ထရီဟာ လက်ရှိမှာ ဒုတိယနေရာက အစ်ဝစ်ချ်ထောင်းကို ၁၁ မှတ်အသာနဲ့ ဇယားထိပ်မှာ ဦးဆောင်နေပြီး ချန်ပီယံဆုကိုပါ သိမ်းပိုက်နိုင်ဖို့ နီးစပ်နေပါတယ်။










