
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဧပြီ ၂၉ ရက်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဖုန်းပြောချိန်မှာ ယူကရိန်း အပစ်အခတ်ရပ်စဲရေးကိစ္စကို ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။
ဘဲဥပုံရုံးခန်းမှာ Artemis II မစ်ရှင်က အာကာသယာဉ်မှူးတွေနဲ့ တွေ့ဆုံချိန်မှာ သတင်းထောက်တွေ ကို ပြောလိုက်တာပါ။
ထရမ့်ပ်က ရုရှားခေါင်းဆောင်နဲ့ ဖုန်းပြောရာမှာ ယူကရိန်းစစ်ပွဲမှာ "အပစ်အခတ်ရပ်စဲရေး နည်းနည်းလောက်" လုပ်ဖို့ အကြံပြုခဲ့တယ်လို့ ပြောပါတယ်။
“သူ အဲဒီလိုလုပ်နိုင်တယ်လို့ ကျနော်ထင်ပါတယ်”လို့ ထရမ့်ပ်က ပြောခဲ့ပြီး ပူတင်က အပစ်အခတ် ရပ်စဲရေး ကြေညာခဲ့လားလို့ ထရမ့်ပ်က သတင်းထောက်တွေကို မေးခွန်းထုတ် ခဲ့ပါတယ်။
အီရန်စစ်ပွဲကို အဆုံးသတ်ဖို့ သဘောတူညီချက်အတွက် အဓိကအဟန့်အတားဖြစ်တဲ့ အီရန်ရဲ့ ယူရေနီယမ် ကြွယ်ဝရေးကိစ္စမှာ ပူတင်က ကူညီဖို့ ကမ်းလှမ်းခဲ့တာပါ။
ဒါပေမဲ့ ယူကရိန်းနဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ပူတင်က ပါဝင်ပတ်သက်စေချင်တယ်လို့ ပြောခဲ့ပါတယ်လို့ ထရမ့်ပ်က ပြောပါတယ်။
ပူတင်နဲ့ ထရမ့်ပ်တို့ ဖုန်းပြောတဲ့သတင်းဟာ ရုရှားတွမ်တိဖိုး အပါအဝင် ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြား ကွန်ရက်တွေရဲ့ အဓိက ညနေခင်း သတင်းအစီအစဉ်တွေမှာ ထိပ်ဆုံးကနေ ပါဝင်ခဲ့ပါတယ်။
လာမဲ့လမှာ ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ယူကရိန်းမှာ ယာယီ အပစ် အခတ်ရပ်စဲရေးကို ထပ်လုပ်ဖို့ ပူတင်နဲ့ ထရမ့်ပ်တို့ ဖုန်းပြောချိန်မှာ ပူတင်က အဆိုပြု ခဲ့တယ်လို့ ရုရှားသမ္မတ နန်းတော် ကရင်မလင်ရဲ့ လက်ထောက်က ပြောပါတယ်။
ပူတင်ဟာ ပြီးခဲ့တဲ့နှစ်က ၃ ရက်ကြာ အလားတူ အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့ပေမဲ့ ယူကရိန်း အစိုးရနဲ့ သဘောတူညီချက် မရခဲ့ပါဘူး။
Source:Reuters










