DVB Logo
Home
နိုင်ငံတကာ
OpenAI နှင့်ဝန်ထမ်းဟောင်း ၂ ဦးကို ကုန်သွယ်ရေးလျှို့ဝှက်ချက် ခိုးယူမှုဖြင့် Apple တရားစွဲ 
DVB
·
July 11, 2026
Photo:Reuters
Photo:Reuters
Donate to DVB

OpenAI ဟာ ဆော့ဖ်ဝဲလ် အပိုင်းတင်မကဘဲ ဟာ့ဒ်ဝဲလ် ထုတ်လုပ်ရေးပိုင်းကိုပါ ခြေလှမ်းပြင်လာ ချိန်မှာ Apple ရဲ့ ကုန်သွယ်ရေးလျှို့ဝှက်ချက်တွေကို မတရားရယူအသုံးပြုခဲ့တယ်ဆိုပြီး Apple ဘက်က OpenAI အပြင် သူတို့ရဲ့ ဝန်ထမ်းဟောင်း ၂ ယောက်ကို ဇူလိုင် ၁၀ ရက်မှာ တရားစွဲ လိုက်ပါတယ်။

ကယ်လီဖိုးနီးယားတရားရုံးမှာ တင်သွင်းခဲ့တဲ့ တိုင်ကြားချက်ထဲမှာ Apple ရဲ့ ထုတ်ကုန်ဒီဇိုင်းတွေ၊ ထုတ်လုပ်ရေး လုပ်ငန်းစဉ်တွေနဲ့ ထောက်ပံ့ရေးကွင်းဆက် (Supply Chain) ဗျူဟာတွေအပါအဝင် လျှို့ဝှက်ချက်တွေကို စနစ်တကျ ပူးပေါင်းပြီး ခိုးယူခဲ့ကြတယ်လို့ စွပ်စွဲထားတာပါ။

တရားစွဲဆိုခံရသူတွေထဲမှာ Apple ရဲ့ စနစ်ပိုင်း ဆိုင်ရာ လျှပ်စစ်အင်ဂျင်နီယာဟောင်း ချန်းလျို၊ iPhone နဲ့ Apple နာရီဆိုင်ရာ ထုတ်ကုန်ဒီဇိုင်း ဒုဥက္ကဋ္ဌဟောင်း တန်းင် ယူးတန်တို့အပြင် OpenAI ဖောင်ဒေးရှင်း၊ OpenAI Group PBC နဲ့ io Products ကုမ္ပဏီတို့ ပါဝင်ပါတယ်။

ချန်းလျိုဟာ ကုမ္ပဏီကထုတ်ပေးထားတဲ့ လက်ပ်တော့ကို ပြန်မပေးခဲ့တဲ့အပြင် နောက်ပိုင်းမှာ စနစ်ချို့ယွင်းချက်တခုကို အသုံးချပြီး Apple ရဲ့ အတွင်းပိုင်းကွန်ရက်ထဲ ဝင်ရောက်ကာ ဟာ့ဒ်ဝဲ နဲ့ပတ်သက်တဲ့ လျှို့ဝှက်ဖိုင်ပေါင်းများစွာကို ဒေါင်းလုဒ်ဆွဲယူခဲ့တယ်လို့ Apple က စွပ်စွဲထား ပါတယ်။

တန်းင်ယူတန်ကလည်း ကုမ္ပဏီကနေ မထွက်ခွာခင်မှာ Apple ရဲ့ ထောက်ပံ့သူတွေအကြောင်းနဲ့ လုပ်ငန်းတွင်း အကျဉ်းချုပ် အချက်အလက်တွေကို သူ့ရဲ့အီးမေးလ်ထဲ ပေးပို့သိမ်းဆည်းခဲ့ပြီး OpenAI အတွက် အကျိုးရှိအောင် လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ဒီတရားစွဲဆိုမှုကြောင့် လပိုင်းလောက် တမြေ့မြေ့ဖြစ်နေတဲ့ Apple နဲ့ ChatGPT ထုတ်လုပ်သူ OpenAI တို့ကြားက တင်းမာမှုကို အကြီးအကျယ် မြင့်တက်သွားစေခဲ့ပါတယ်။ 

ပြီးခဲ့တဲ့မေလတုန်းက OpenAI ဘက်ကလည်း Apple အပေါ် စာချုပ်ဖောက်ဖျက်မှုနဲ့ အသိပေးဖို့ အပါအဝင် ဥပဒေကြောင်းအရ တုံ့ပြန်ဖို့ ပြင်ဆင်နေခဲ့ဖူးတယ်လို့ သိရပါတယ်။  

တကယ်တော့ ၂၀၂၄ ခုနှစ်တုန်းက Apple ဟာ Siri အပါအဝင် သူ့ရဲ့အက်ပ်တွေမှာ "Apple ထောက်လှမ်းရေး" နည်းပညာကို ထည့်သွင်းမဲ့အကြောင်း ကြေညာခဲ့ပြီး OpenAI ရဲ့ ChatGPT ကိုလည်း Apple စက်ပစ္စည်းတွေမှာ သုံးနိုင်အောင် ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။

ဒါ့အပြင် OpenAI ဟာ ပြီးခဲ့တဲ့နှစ်က Apple ဒီဇိုင်နာဟောင်း ဂျိုနီအိုက်ဗ် တည်ထောင်ခဲ့တဲ့ io Products  နည်းပညာပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီသစ်ကို ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံနဲ့ ဝယ်ယူခဲ့ပြီး လူသုံးကုန်နည်းပညာပစ္စည်းပိုင်းအထိပါ ခြေလှမ်းချဲ့ထွင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။  

လက်ရှိ AI နည်းပညာ ပြိုင်ဆိုင်မှု ပြင်းထန်လာတာက ကုမ္ပဏီကြီးတွေကြား လူတော်တွေနဲ့ ကိုယ်ပိုင် နည်းပညာတွေကို လုယူတဲ့အထိ ပြိုင်ဆိုင်မှုကို ပိုမိုကြီးမားလာစေခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး OpenAI ဘက်ကတော့ ချက်ချင်းတုံ့ပြန်ပြောကြားခြင်း မရှိသေးပါဘူး။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013