
အာဆင်နယ် အမျိုးသမီးအသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့အဖြစ် စတန်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီးနဲ့ ရင်ဆိုင်ခဲ့ရာမှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ နှစ်ကျော့ပေါင်းရလဒ် (၃-၂) ဂိုးနဲ့နိုင်ပြီး အာဆင်နယ်တို့ ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားနိုင်ခဲ့တာပါ။
ပွဲအတွင်းမှာ နှစ်ဖက်စလုံး ဂိုးရဖို့ အပြန်အလှန် ကြိုးစားခဲ့ကြပြီး အာဆင်နယ်အတွက် ရုစဆိုနဲ့ ဘလက်စတေးနီးယပ်စ်တို့ အခွင့်အရေးတွေ ရခဲ့ပေမဲ့ ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။
ချဲလ်ဆီးအတွက် အနိုင်ဂိုးကိုတော့ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှ နစ်စကန်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ ချဲလ်ဆီးနည်းပြ ဆိုနီယာ ဘွန်ပါစတာ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီး အာဆင်နယ် တို့ကတော့ ဒီပွဲ ရှုံးနိမ့်ခဲ့ပေမဲ့ နှစ်ကျော့ပေါင်းရလဒ်မှာ အနိုင်ရပြီး နောက်တဆင့်ကို တက်ရောက် နိုင်ခဲ့ပါတယ်။










