DVB Logo
Home
နိုင်ငံတကာ
လက်နက်ကိုင်အကြမ်းဖက်မှုကို ချေမှုန်းပစ်မည်ဟု ကိုလံဘီယာသမ္မတ ကတိပြု
DVB
·
September 26, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ကိုလံဘီယာနိုင်ငံမှာ ဒီတပတ် စတင်ခဲ့တဲ့ မငြိမ်မသက်မှုတွေကြောင့် စန်တာမာတာကမ်းရိုးတန်းမြို့ မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ဖြေရှင်းဖို့ သမ္မတ အာဘေလာဒို ဒေလာအက်စ်ပရီယဲလာ ဟာ စက်တင်ဘာ ၂၅ ရက်မှာ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူကျင်းပခဲ့ပါတယ်။

ဒီစစ်ဆင်ရေးကို တပတ်လောက်လုပ်ပြီး ပြန်ထွက်သွားဖို့မဟုတ်ဘဲ ဒေသတခုလုံးကို ရာသက်ပန် အစိုးရရဲ့ စိုးမိုးထိန်းချုပ်မှုအောက် ပြန်ရောက်အောင် လုပ်ဆောင်သွားမှာဖြစ်တယ်" လို့ သမ္မတ က ပြောပါတယ်။

ထိခိုက်မှုရှိတဲ့ ဧရိယာတွေမှာ စည်းကမ်း ပြန်တင်းကျပ်ပြီး အကြမ်းဖက်မှုကျူးလွန်သူတွေကို မဖြစ်မနေ လိုက်လံအရေးယူသွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။

ဒီမငြိမ်မသက်မှုဟာ ဆီအဲရာ နီဗာဒါ ဒေစန်တာမာတာဒေသနဲ့ အနီးဝန်းကျင်ဒေသတွေမှာ အခြေစိုက် လှုပ်ရှားနေတဲ့ ACSN  မူးယစ်ဆေးဝါး ရာဇဝတ်ဂိုဏ်း လက်နက်ကိုင်အဖွဲ့က ကုန်သည်တွေ၊ ယာဉ်မောင်းတွေနဲ့ ပြည်သူတွေကို ပစ်မှတ်ထား လှုပ်ရှားခဲ့တာကြောင့် ဖြစ်ပွားခဲ့တာပါ။ 

ဒီလက်နက်ကိုင်အဖွဲ့ဟာ အစိုးရကို ဒူးထောက်ခိုင်းဖို့ "လက်နက်ကိုင်သပိတ်" ဖန်တီးဖို့ ကြိုးစား ခဲ့ကြပေမဲ့လက်ရှိမှာတော့ အစိုးရတပ်တွေကြောင့် တောထဲမှာ ပုန်းအောင်းနေကြရပြီဖြစ်လို့ သူတို့အတွက် ကန့်သတ်ချက်နဲ့ သက်တမ်းကုန်ဆုံးရက် ရှိပြီးသားဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။

ဒါ့အပြင် ဆက်ကြေးတောင်းတာ၊ လူသတ်မှု၊ မူးယစ်ဆေးဝါးမှောင်ခိုကူးမှုနဲ့ တခြား သက်ရောက်မှု ကြီးမားတဲ့ ပြစ်မှုတွေကို နှိမ်နင်းဖို့ စန်တာမာတာမြို့ကိုပါ မြို့ပြလုံခြုံရေးနှင့် ကာကွယ်ရေး စစ်ဆင်ရေးတပ်ဖွဲ့ (BOSUT) ထဲ ပေါင်းထည့်သွားမယ်လို့ သမ္မတက ကြေညာခဲ့ပါတယ်။ 

ဒီ BOSUT တပ်ဖွဲ့ကို မူလက မြို့ ၉ မြို့မှာပဲ ဖွဲ့စည်းဖို့ လျာထားခဲ့တာဖြစ်ပြီး စန်တာမာတာမြို့ မပါဝင်ခဲ့သော်လည်း အခုအခါမှာတော့ စန်တာမာတာကိုပါ စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။

သမ္မတ ဒေလာ အက်စ်ပရီယဲလာက ဒီတပတ် အစောပိုင်းမှာ စန်တာမာတာမြို့ကို စစ်တပ်နဲ့ ထိန်းချုပ်ဖို့ အမိန့်ပေးခဲ့ပြီးနောက် မြို့တဝန်းလုံးမှာ စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တပ်ဖြန့် ချထားခဲ့ပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013