
မန်ချက်စတာစီးတီးအသင်းဟာ ပြစ်ဒဏ်မချမှတ်ခင်မှာ ပရီးမီးယားလိဂ်တာဝန်ရှိသူတွေနဲ့ လျှို့ဝှက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း သတင်းထွက်ပေါ်လာပါတယ်။
မန်စီးတီးဘက်က စွပ်စွဲချက်တွေကို လက်မခံခဲ့တာကြောင့် နှစ်ဦးနှစ်ဖက် သဘောတူညီမှုမရဘဲ ဆွေးနွေးပွဲတွေ ပျက်ပြားသွားတာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲ အဆင်ပြေခဲ့ရင် မန်စီးတီးအနေနဲ့ ဒဏ်ကြေးပေးဆောင်ရုံနဲ့ ကင်းလွတ်ခွင့် ရရှိနိုင်ဖွယ် ရှိခဲ့တာပါ။
ဒါပေမဲ့ အသင်းဘက်က စွပ်စွဲချက် အားလုံးကို ငြင်းဆိုခဲ့တာကြောင့် ဆွေးနွေးပွဲ ပျက်ပြားခဲ့ပြီး အပြစ်ရှိကြောင်း ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
Photo: Reuters











