DVB Logo
Home
နိုင်ငံတကာ
ရွှေအိမ်သာပါသည့် ဧရာမရာဇပလ္လင် ဝါရှင်တန်တွင် ချထားပြီး ထရမ့်ပ်ကို သရော်
DVB
·
March 31, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ရွှေအိမ်သာ ပါဝင်တဲ့ ဧရာမ ရာဇပလ္လင်ကြီးတခုကို ဝါရှင်တန်ဒီစီရှိ  သမိုင်းဝင်ရင်ပြင်မှာ ချထားပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို သရော်ခဲ့ပါတယ်။

စကျင်ကျောက်နဲ့ ရွှေရောင်ခြယ်သထားတဲ့ အဲဒီပလ္လင်မှာ ထိုင်ခုံအစား အိမ်သာခွက်ကို တပ်ဆင်ထားပါတယ်။

“ဘုရင်နဲ့ ထိုက်တန်သော ပလ္လင်” ဆိုတဲ့ စာသားအပြင် ထရမ့်ပ်ရဲ့ အိမ်ဖြူတော် ပြင်ဆင်မွမ်းမံမှုတွေကို လှောင်ပြောင်ထားတဲ့ စာတမ်းလည်း ပါဝင်ပါတယ်။

သမ္မတ ထရမ့်ပ်ဟာ ပြီးခဲ့တဲ့နှစ်က အာဏာပြန်ရလာပြီးကတည်းက အိမ်ဖြူတော်နဲ့ ဝါရှင်တန်မြို့တော်ကို အကြီးအကျယ် ပြင်ဆင်မွမ်းမံမှုတွေ လုပ်ဆောင်နေပါတယ်။

အိမ်ဖြူတော်၊ လင်ကွန်းအိပ်ခန်း ဘေးနားက ရေချိုးခန်းကို ပြင်ဆင်ခဲ့သလို သမ္မတရုံးခန်းကိုလည်း ရွှေချထားပါတယ်။

ဒါ့အပြင် ကပွဲခန်းမဆောင် ဆောက်လုပ်ဖို့ အိမ်ဖြူတော် အရှေ့ဘက်ဆောင်ကို ဖျက်ချခဲ့ပြီး ကနေဒီစင်တာကိုလည်း ပြန်လည်တည်ဆောက်ဖို့ စီစဉ်နေပါတယ်။

အိမ်ဖြူတော်ကတော့ ထရမ့်ပ်ဟာ အိမ်ဖြူတော်နဲ့ မြို့တော်ကို အရင်ကထက် ပိုလှအောင် လုပ်နေတာလို့ တုံ့ပြန်ပါတယ်။

အဲဒီရုပ်တုမှာ “The Secret Handshake” လို့ ရေးထားတဲ့ အိမ်သာသုံးစက္ကူလိပ်လည်း ပါဝင်ပါတယ်။

အဲဒီအမည်နဲ့ အဖွဲ့ဟာ အရင်ကလည်း ထရမ့်ပ်နဲ့ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိန်းတို့ လက်တွဲထားတဲ့ ရုပ်တုကို ဖန်တီးခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013