
ရုရှားနဲ့ ယူကရိန်းတို့ဟာ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်သုံ့ပန်းချင်း လဲလှယ်တဲ့ အစီအစဉ်ကို စခဲ့ပြီး ဧပြီ ၁၁ ရက်မှာ နှစ်ဖက်စလုံးက အကျဉ်းသား ၁၇၅ ယောက်ကို လဲလှယ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ပြန်လွှတ်ပေးလိုက်တဲ့ စစ်သည်တွေကို ဘယ်လာရုစ်ကို ပြောင်းရွှေ့ခဲ့ပြီး လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ဆေးဘက်ဆိုင်ရာကုသမှုတွေ ခံယူနေတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
ရုရှားဟာ မူလက ကာ့စ်ဒေသက အရပ်သား ၇ ယောက်ကိုလည်း ပြန်ပို့ခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
ယူကရိန်းနိုင်ငံက ရုရှားနိုင်ငံဆီက ယူကရိန်း စစ်မှုထမ်း ၁၇၅ ယောက်နဲ့ အရပ်သား ၇ ယောက်ကို အိမ်ပြန်ခေါ်ဆောင်လာခဲ့ပြီလို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီက ဧပြီ ၁၁ ရက်မှာ ပြောပါတယ်။
ယူကရိန်း စစ်မှုထမ်းတွေဟာ နိုင်ငံအရှေ့ဘက်ကနေ တောင်ဘက်အထိ မတူညီတဲ့ စစ်မျက်နှာတွေမှာ နိုင်ငံကိုကာကွယ်ခဲ့ပြီး သူတို့ထဲက အများစုဟာ ၂၀၂၂ ခုနှစ်ကစပြီး ရုရှားနိုင်ငံထဲမှာ အဖမ်းခံထားခဲ့ရတယ်လို့ ဇလန်းစကီးက ပြောပါတယ်။
၄ နှစ်ကျော်ကြာ စစ်ပွဲအတွင်း ယူကရိန်းနဲ့ ရုရှားအစိုးရတို့ဟာ ပုံမှန် စစ်သုံ့ပန်း လဲခဲ့ကြတာပါ။
အမေရိကန်က ကြားဝင်စေ့စပ်ပေးတဲ့ ယူကရိန်းနဲ့ ရုရှားအကြား နယ်မြေပြဿနာနဲ့ ပတ်သက်ပြီး ရပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အများအပြားကနေ ထွက်လာတဲ့ ခိုင်မာတဲ့ ရလဒ်နည်းနည်းထဲက တခုလည်း ဖြစ်ပါတယ်။
ယူကရိန်းနဲ့ ရုရှား ၂ နိုင်ငံစလုံးဟာ အခုသီတင်းပတ်ကုန်ရက်မှာ အော်သိုဒေါ့စ် အီစတာပွဲတော်ကို ကျင်းပနေချိန်မှာ ၂ နိုင်ငံ အားလပ်ရက်အထိမ်းအမှတ်အဖြစ် ၃၂ နာရီကြာ အပစ်အခတ်ရပ်စဲရေး ကို သဘောတူညီခဲ့ကြပါတယ်။
အပစ်အခတ်ရပ်စဲမှုဟာ ဧပြီ ၁၁ရက် ညနေ ၄ နာရီမှာစပြီး ဧပြီ ၁၂ရက်ည သန်းခေါင်ယံမှာ ပြီးမယ်လို့ ရုရှားနိုင်ငံက ပြောပါတယ်။
ဇလန်းစကီးကတော့ သူနဲ့ သူ့ရဲ့ တပ်မတော် အကြီးအကဲတို့ဟာ အပစ်အခတ်ရပ်စဲရေးအောက်က ယူကရိန်းတပ်တွေအတွက် လုပ်ထုံးလုပ်နည်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။
အီစတာပွဲတော်မှာ အပစ်အခတ်ရပ်စဲရေးဟာ ငြိမ်းချမ်းရေးဆီသို့ စစ်မှန်တဲ့ လှုပ်ရှားမှုရဲ့ အစလည်း ဖြစ်လာနိုင်ကြောင်းနဲ့ ယူကရိန်းဘက်က သက်ဆိုင်ရာ အဆိုပြုချက်ကို လုပ်ပြီးပါပြီလို့ ဇလန်းစကီးက ပြောပါတယ်။
Source: Reuters










