
မြောက်ကိုရီးယားဟာ အရှေ့ဘက်ကို အမျိုးအမည် မသိရသေးတဲ့ ပစ်ခတ်မှုတခု ပြုလုပ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်ကို ကိုးကားပြီး ယွန်ဟက်ပ် သတင်းဌာနက ဩဂုတ် ၁၂ ရက်မှာ ဖော်ပြပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ မြောက်ကိုရီးယားရဲ့ တိုးတက်ပြောင်းလဲ လာနေတဲ့ နျူကလီးယားနဲ့ လက်နက်စွမ်းရည်တွေကို တန်ပြန်ဖို့အတွက် သြဂုတ် ၁၇ ရက်ကနေ ၂၇ ရက်အထိ အဓိက ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ဖို့ စီစဉ်နေချိန်မှာပဲ ဒီပစ်လွှတ်မှု ထွက်ပေါ်လာတာပါ။
မြောက်ကိုရီးယားဟာ ဒီလအစောပိုင်းတုန်းကလည်း ပင်လယ်ဘက်ကို တာတိုပစ် ပဲ့ထိန်းဒုံးကျည် တစင်း ပစ်ခတ်ခဲ့သေးတယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
Source: Reuters











