DVB Logo
Home
နိုင်ငံတကာ
မီးလောင်နေသည့်လှေမှ ရွှေ့ပြောင်းဒုက္ခသည် ၁၅၇ ဦးကို ပြင်သစ် ကယ်တင်
DVB
·
August 5, 2026
Photo: BFMTV
Photo: BFMTV
Donate to DVB

ပြင်သစ်နိုင်ငံ ဘူလွန်းဆူမဲရ်ဆိပ်ကမ်းအနီး အင်္ဂလိပ်ရေလက်ကြားအတွင်း ဩဂုတ် ၄ ရက်က ရွှေ့ပြောင်းဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ လှေတစင်း မီးလောင်မှုကနေ လူပေါင်း ၁၅၇ ယောက်ကို ပြင်သစ်ကမ်းခြေစောင့်တပ်က ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ကမ်းခြေစောင့်သင်္ဘော ၃ စင်းဟာ အဲဒီလူတွေကို ကယ်ဆယ်ခဲ့တယ်လို့ အင်္ဂလိပ်ရေလက်ကြားနဲ့ မြောက်ပင်လယ်ဆိုင်ရာ ဒေသန္တရ ပြင်သစ်အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

၂၀၁၅-၁၆ တုန်းက ဆီးရီးယားစစ်ပွဲကြောင့် ထွက်ပြေးလာကြတဲ့ စစ်ဘေးဒုက္ခသည်တွေ အပါအဝင် လူပေါင်း ၁ သန်းကျော် ဥရောပကို ဝင်ရောက်လာခဲ့ပြီးနောက်ပိုင်း ရွှေ့ပြောင်းဒုက္ခသည် ပြဿနာဟာ ဥရောပမှာ နိုင်ငံရေးအရ အကြီးအကျယ် သဘောထားကွဲလွဲစရာ ကိစ္စတခု ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း အင်္ဂလိပ်ရေလက်ကြားကို လှေငယ်လေးနဲ့ ဖြတ်ကူးဖို့ ကြိုးစားရင်း လူ ၃ ယောက် သေဆုံးခဲ့ပါသေးတယ်။

လူမှောင်ခိုကူးသူတွေက မခိုင်ခန့်တဲ့ လှေငယ်တွေပေါ်မှာ ရွှေ့ပြောင်းဒုက္ခသည်တွေကို မတန်တဆ ပြည့်ကျပ်နေအောင် တင်ဆောင်နေကြတာကြောင့် အခုလို ရေလက်ကြားဖြတ်ကူးမှုတွေဟာ အန္တရာယ် ပိုကြီးလာနေတာကို ဒီဖြစ်စဉ်က မီးမောင်းထိုးပြနေပါတယ်။

ဩဂုတ် ၂ ရက်ကလည်း ဗြိတိန်ဝန်ကြီးချုပ် အန်ဒီ ဘန်နမ်က ဒီလို လှေငယ်တွေနဲ့ ခိုးဝင်လာမှုတွေကို "မရပ်မနား" တားဆီးသွားမယ်လို့ ကတိပြု ပြောကြားထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013