
လီဗာပူးနည်းပြသစ် အီရာအိုလာအနေနဲ့ ဒုတိယ အသင်းခေါင်းဆောင် ဆိုဘော့စလိုင်းကို ညာနောက်ခံလူနေရာမှာ အမြဲတမ်း ပြောင်းလဲကစားဖို့ ဆွေးနွေးသင့်တယ်လို့ ကစားသမားဟောင်း ဂျေမီကာရေဂါက အကြံပြုလိုက်ပါတယ်။
အပတ်စဉ်လုပ်ခ ပေါင် ၃ သိန်းခွဲရ ကွင်းလယ်လူဟာ ညာနောက်ခံလူနေရာမှာ ပိုမို ခြေစွမ်း ပြနိုင်သူ ဖြစ်ပြီး အသင်းရဲ့ ကွင်းလယ်ပိုင်းဟာလည်း အားနည်းနေတယ်လို ကာရေဂါက ဝေဖန်ပါတယ်။
လီဗာပူးဟာ ထရန့်အာနိုး ထွက်ခွာသွားပြီးနောက် ကော်နာဘရက်ဒလီရဲ့ ဒဏ်ရာပြဿနာနဲ့ ဖရင်းပေါင်ရဲ့ ခြေစွမ်းကျဆင်းမှုတွေကြောင့် ညာနောက်ခံလူနေရာမှာ အခက်တွေ့နေရတာ ဖြစ်ပါတယ်။
ဒါကြောင့် နွေရာသီ အပြောင်းအရွှေ့မှာ နောက်ခံလူသစ် မခေါ်ယူခဲ့တာဟာ လီဗာပူးရဲ့ အမှားကြီး တခုဖြစ်ပြီး ဆိုဘော့စလိုင်းကို အဆိုပါနေရာမှာ အစားထိုး အသုံးပြုသင့်တယ်လို့ ထောက်ပြသွားခဲ့ ပါတယ်။
Photo:Reuters











