
ပြီးခဲ့တဲ့နှစ်က ချန်ပီယံဖြစ်ခဲ့ပေမဲ့ အခုရာသီမှာ ဆုဖလားလက်မဲ့ ဖြစ်ခဲ့တာကြောင့် သူ့ရဲ့ အရည်အချင်းကို ပြန်သက်သေပြဖို့ လိုတယ်လို့ လီဗာပူးနည်းပြ စလော့က ဝန်ခံလိုက်ပါတယ်။
ဘောလုံးလောကမှာ နေ့တိုင်းဟာ သက်သေပြနေရတဲ့ လုပ်ငန်းစဉ်ဖြစ်ပြီး အရင်က ဘာတွေ အောင်မြင်ခဲ့သလဲဆိုတာထက် အခုလက်ရှိ ဘာတွေလုပ်နိုင်လဲဆိုတာက ပိုအရေးကြီးတယ်လို့ သူက ဆိုပါတယ်။
ဒဏ်ရာရကစားသမားများနေတာက အလုပ်ကို ခက်ခဲစေပေမဲ့ ဝေဖန်မှုတွေကိုတော့ သူက သာမန်လိုပဲ သဘောထားပါတယ်။
အခုလာမဲ့ မန်ယူနဲ့ပွဲမှာ အနိုင်ရရင် အဆင့် ၃ နေရာအထိ တက်လှမ်းနိုင်မှာဖြစ်လို့ ရာသီကို အကောင်းဆုံး အဆုံးသတ်နိုင်ဖို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။
Photo:Reuters










