လီဗာပူးနည်းပြဟောင်း ယာဂန်ကလော့ပ်က ပြင်သစ်တိုက်စစ်မှူး ကီလီယန် အမ်ဘာပေကို ခေါ်ယူဖို့ လီဗာပူးအသင်း ဘယ်လိုကြိုးစားခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။
အမ်ဘာပေ ၂၀၁၇ မှာ ပီအက်စ်ဂျီကို မပြောင်းခင် လီဗာပူးအသင်းဟာ သူ့ကိုခေါ်ယူဖို့ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ အစားအသောက်တွေအထိ စီစဉ်ပေးခဲ့တာပါ။
ကလော့ပ်ကတော့ ဒါဟာ ကလပ်အသင်းအတွက် ကုန်ကျစရိတ်အများဆုံး အပြောင်းအရွှေ့ မဖြစ်ခဲ့တဲ့ အခြေအနေပဲလို့ ပြောခဲ့ပါတယ်။
သူတို့အသင်းဟာ အမ်ဘာပေကို ခေါ်ယူဖို့ တကယ်ကို အစွမ်းကုန် ကြိုးစားခဲ့တာပါ။ ကလော့ပ်က ဘလက်ပူးလ်ကနေ နိုက်စ်ကို လေယာဉ်နဲ့သွားပြီး အခန်း ၅ ခန်းပါ ကိုယ်ပိုင်ဂျက်ပေါ်မှာ အမ်ဘာပေ မိသားစုနဲ့ တွေ့ဆုံခဲ့တာကို ရှင်းပြခဲ့ပါတယ်။
သူတို့တွေ လေယာဉ်ပေါ်မှာ စကားပြော၊ အစားအသောက်ကောင်းတွေ စားခဲ့ကြပါတယ်။ လူမြင်ကွင်းရှောင်ပြီး ဆွေးနွေးခဲ့ပေမဲ့ ဒီတွေ့ဆုံမှုက အရာမထင်ခဲ့ပါဘူး။
ကလော့ပ်ကတော့ “လေယာဉ်နဲ့ ပတ်ပြီး ပျံသန်းခဲ့တာ အံ့ဩစရာပါပဲ။ ဒါပေမဲ့ နောက်ဆုံးတော့ သူ ပီအက်စ်ဂျီကို ရောက်သွားတာပါ” လို့ ပြောခဲ့ပါတယ်။










