DVB Logo
Home
အားကစား
ကမ္ဘာ့ဖလားအပြီး ဂျာမနီအသင်းကို ကလော့ပ် ကိုင်တွယ်ဖွယ်ရှိဟု သတင်းများထွက်ပေါ်
DVB
·
March 13, 2026
ကမ္ဘာ့ဖလားအပြီး ဂျာမနီအသင်းကို ကလော့ပ် ကိုင်တွယ်ဖွယ်ရှိဟု သတင်းများထွက်ပေါ်
Donate to DVB

လီဗာပူးနည်းပြဟောင်း ယာဂန်ကလော့ပ်ဟာ လာမဲ့နွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဂျာမနီလက်ရွေးစင်အသင်းရဲ့ နည်းပြသစ် ဖြစ်လာနိုင်တယ်လို့ Red Bull အသိုက်အဝန်းမှာ သတင်းတွေ ထွက်ပေါ်နေပါတယ်။

နည်းပြကလော့ပ်ဟာ လက်ရှိမှာ Red Bull ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအကြီးအကဲအဖြစ် တာဝန်ယူနေပေမဲ့ သူ့ရဲ့စရိုက်နဲ့ အရည်အချင်းဟာ ရုံးပိုင်းဆိုင်ရာထက် ကွင်းအတွင်း စီမံခန့်ခွဲတဲ့နေရာမှာ ပိုမိုအံဝင်တယ်လို့ ယူဆနေကြတာပါ။

သူ့ရဲ့အေးဂျင့်ကလည်း ကလော့ပ်ဟာ ဂျာမနီအသင်းကို ကိုင်တွယ်ဖို့ တာဝန်ရှိတယ်လို့ ခံစားနေရကြောင်း အရိပ်အမြွက် ပြောကြားထားပြီး Red Bull ဘက်ကလည်း ကလော့ပ်ဟာ ဘောလုံးပွဲတွေထက် တခြားပွဲတွေကိုသာ ပိုမိုတက်ရောက်နေတာကြောင့် သူတို့နဲ့ လမ်းခွဲဖွယ်ရှိတယ်လို့ စိုးရိမ်နေကြပါတယ်။

လက်ရှိ ဂျာမနီနည်းပြ နာဂယ်စ်မန်းမှာ ၂၀၂၈ အထိ စာချုပ်ရှိနေပေမဲ့ ကမ္ဘာ့ဖလားရလဒ်အပေါ် မူတည်ပြီး ကလော့ပ်ကို အစားထိုးမဲ့ “Open Secret” အခြေအနေတခု ဖြစ်လာနိုင်ကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013