DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက စက်သုံးဆီကို တရက်တကြိမ်သာ ဝယ်ခွင့်ပြု
DVB
·
March 12, 2026
စစ်ကောင်စီက စက်သုံးဆီကို တရက်တကြိမ်သာ ဝယ်ခွင့်ပြု
Donate to DVB

နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တို့မှာ အများပြည်သူတွေကို တရက်  တကြိမ်သာ စက်သုံးဆီ ဝယ်ခွင့်ပြုမယ်လို့ စစ်ကောင်စီစွမ်းအင်ဝန်ကြီးဌာနက မတ် ၁၁ ရက် ညပိုင်းက ထပ်မံ ထုတ်ပြန်လိုက်ပါတယ်။

စက်သုံးဆီအရောင်းဆိုင်တွေမှာ တရက်အတွင်း ၂ ကြိမ် (သို့) ၃ ကြိမ် တန်းစီဝယ်ယူမှု မရှိစေဖို့ ကားတွေ အတွက် Wheel Tax ရဲ့ ဘားကုတ်၊ ဆိုင်ကယ်တွေအတွက် Wheel Tax ပါ အချက်အလက်တွေကို အသုံးပြုပြီး QR Code ထုတ်ပေးခြင်း၊ Application နဲ့ အလိုအလျောက် စစ်ဆေးတဲ့ နည်းလမ်းနဲ့ စိစစ်ရောင်းချပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကားတွေ၊ ဆိုင်ကယ်တွေအနေနဲ့ တရက်မှာ တကြိမ်သာ ဝယ်ယူခွင့်ရရှိတော့မှာ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တယောက်က “အဲဒီလောက် ကန့်သတ်နေရင် စက်သုံးဆီက တကယ် အခက်အခဲဖြစ်နေတယ်လို့ ယူဆလို့ရတယ်။ ပြီးတော့ သီလဝါဆိပ်ကမ်းမှာကလည်း ခွဲတမ်းရတဲ့ ဆီ တွေကို အလွယ်တကူ ထုတ်မပေးဘူး၊ ‌ထိန်းထားတဲ့သဘော။ စက်သုံးဆီက တကယ်ရှိတာလား မရှိတာလားဆိုတာ သူတို့ပါးစပ်ထဲမှာပဲ ရှိတယ်။ ဒီတိုင်းဆိုရင် ပိုဆိုးဖို့ပဲ ရှိတော့မှာ” လို့ ပြောပါတယ်။

ကား (သို့မဟုတ်) ဆိုင်ကယ် လိုင်စင်စာအုပ် (Wheel Tex) ပါ ဘားကုတ်နဲ့ အချက်အလက်တွေကို အက်ပလီကေးရှင်းမှာ ထည့်သွင်းပြီး စစ်ဆေးသွားမှာဖြစ်ပြီး ကျန်မြို့တွေမှာလည်း ဆက်လက် အသုံးပြုသွားမယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း စစ်တပ်က စက်သုံးဆီချွေတာဖို့ ဆိုပြီး ကားတွေကို စုံ/မ ရက်ခွဲကာ တရက်ခြားစီ မောင်းနှင်ဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013