
ဆွစ်ဇာလန်နိုင်ငံအနောက်ပိုင်းက မြို့ငယ်လေးတမြို့မှာ မတ် ၁၀ ရက်က ဘတ်စ်ကားမီးလောင်မှု ကြောင့် လူ ၅ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ရဲတွေက ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု တရပ်စဖို့ တွန်းအားပေးခဲ့ပါတယ်။
ဖရိုက်ဘော့ဂ်ပြည်နယ်က ကာဇာစ်မြို့ရဲ့ လမ်းမပေါ်မှာ ဘတ်စ်ကား မီးလောင်ကျွမ်းခဲ့တာလို့ ဖရိုက် ဘော့ဂ်မြို့ရဲတပ်ဖွဲ့က ပြောပါတယ်။
ဖရိုက်ဘော့ဂ်ပြည်နယ် ရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖရက်ဒရစ် ပါပေါ့က “တမင်တကာ လုပ်ဆောင်ချက်က ဝမ်းနည်းစရာဖြစ်ရပ်ရဲ့ အကြောင်းရင်း ဖြစ်နိုင်ပါတယ်။ ဘာတွေဖြစ်ပျက်ခဲ့လဲ ဆိုတာ ကျနော်တို့ တကယ်သိချင်ပါတယ်” လို့ ပြောပါတယ်။
ဒဏ်ရာရသူ ၃ ယောက် ကို ဆေးရုံတင်ပို့ထားတယ်လို့ ရဲတပ်ဖွဲ့က ထပ်ပြောခဲ့ပါတယ်။
Source:Reuters










