DVB Logo
Home
အားကစား
စပါးအသင်း ပဲလေ့စ်ကိုရှုံးပြီး တန်းဆင်းဇုန်နှင့် တမှတ်အကွာကိုရောက်
DVB
·
March 6, 2026
စပါးအသင်း ပဲလေ့စ်ကိုရှုံးပြီး တန်းဆင်းဇုန်နှင့် တမှတ်အကွာကိုရောက်
Donate to DVB

ဒီနေ့မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းတို့ ပွဲစဉ်မှာ အိမ်ရှင်စပါးအသင်းက ပဲလေ့စ်အသင်းကို ၁ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်သွားပြီး တန်းဆင်းဇုန်နဲ့ တမှတ်သာကွာတဲ့ အနေအထားကို ရောက်သွားပါတယ်။

ပထမပိုင်း ပွဲချိန် ၃၄ မိနစ်မှာ တိုက်စစ်မှူး ဆိုလန်ကီက စပါးအတွက် အဖွင့်ဂိုး သွင်းယူခဲ့ပေမဲ့ နောက်ထပ် ၄ မိနစ်အကြာ ၃၈ မိနစ်မှာတော့ စပါးအသင်း ပင်နယ်တီဧရိယာထဲမှာ တယောက်တည်း လွတ်သွားတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့  တိုက်စစ်မှူး ဆားရ်ကို အနောက်ကနေ ဆွဲလှဲလို့ဆိုပြီး စပါးအသင်း ခံစစ်မှူး ဗန်ဒီဗန် အနီကတ်နဲ့ အထုတ်ခံရသလို ပင်နယ်တီလည်း ပေးလိုက်ရပါတယ်။

အဲဒီပင်နယ်တီကို ဆားရ်က ကန်သွင်းနိုင်ခဲ့ပါတယ်။ အဲဒီနောက် ပထမပိုင်း နာကျင်အချိန်ပိုမှာ ခရစ္စတယ်ပဲလေ့စ် တိုက်စစ်မှူး စထရန်းလာဆင်က ကွင်းလယ်လူ ဝါတန်ရဲ့ ဖန်တီးပေးမှုကနေ တဂိုးသွင်းယူနိုင်ခဲ့သလို နောက်ထပ် ၅ မိနစ်အကြာမှာလည်း တိုက်စစ်မှူးဆားရ်က ဝါတန်ရဲ့ ဖန်တီးပေးမှုကနေပဲ အပိုင်ကန်သွင်းနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ တယောက်လျော့စပါးအသင်းက အခွင့်အရေးတချို့ရခဲ့ပေမဲ့ ဂိုးအဖြစ် မပြောင်းလဲနိုင်ဘဲ ပွဲအပြီးမှာ ၁ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။

ဒီရှုံးပွဲအပြီးမှာတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲဆက်တိုက် ရှုံးထားတဲ့ စပါးအသင်းဟာ တန်းဆင်းဇုန် အဆင့် ၁၈ က ဝက်စ်ဟမ်းနဲ့ တမှတ်အကွာ အဆင့် ၁၆ မှာ ရမှတ် ၂၉ မှတ်နဲ့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013