DVB Logo
Home
မြန်မာသတင်း
NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းအတွက် ဆန်ဖရန်စစ္စကိုဗေးဧရိယာ၌ နေ့ဆွမ်းကပ်လှူ
DVB
·
March 1, 2026
NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းအတွက် ဆန်ဖရန်စစ္စကိုဗေးဧရိယာ၌ နေ့ဆွမ်းကပ်လှူ
1 / 9
Donate to DVB

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းအတွက် စုပေါင်းနေ့ဆွမ်းကပ်၊ အမျှအတန်းပေးဝေမှုကို အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်ဗေးဧရိယာ၊ မြန်မာကွန်မြူနီတီစင်တာမှာ ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၂၈ ရက်၊ မနက်က  ပြုလုပ်ခဲ့ပါတယ်။

မယ်ရီလန်းပြည်နယ်မှာ ပြုလုပ်တဲ့ ဒေါက်တာစိန်ဝင်းရဲ့စျာပနနဲ့ အောက်မေ့ဖွယ်အခမ်းအနားကို မတက်ရောက်နိုင်တဲ့ ဆန်ဖရန်ဗေးဧရိယာက မြန်မာအသိုက်အဝန်းက ဒေါက်တာစိန်ဝင်းအတွက် ဆွမ်းကပ်လှူကြတာ ဖြစ်ပါတယ်။

အသက် ၈၃ နှစ်အရွယ် ဒေါက်တာစိန်ဝင်းဟာ ဖေဖော်ဝါရီ ၆ ရက် မနက် ၇ နာရီဝန်းကျင်မှာ မယ်ရီလန်းပြည်နယ်၊ Suburban ဆေးရုံမှာကွယ်လွန်ခဲ့တာပါ။

ဒေါက်တာစိန်ဝင်းဟာ ရိုးသားမှု၊ ခေါင်းဆောင်ကောင်း၊ ဆရာကောင်း ပီသမှုတွေကြောင့် နိုင်ငံတကာရောက်မြန်မာအသိုင်းအဝိုင်းရဲ့ လေးစားချစ်ခင်မှုကို ရရှိခဲ့သူဖြစ်ပါတယ်။

ဒေါက်တာစိန်ဝင်းဟာ ၁၉၆၅ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကနေ သင်္ချာဘာသာနဲ့ သိပ္ပံဘွဲ့ရခဲ့ပြီး ၁၉၇၄ ခုနှစ်မှာ ဂျာမနီနိုင်ငံ ဟမ်းဘတ်တက္ကသိုလ်က မဟာသိပ္ပံဘွဲ့နဲ့  ၁၉၇၉ ခုနှစ်မှာ ပါရဂူဘွဲ့ ရရှိခဲ့ပါတယ်။

ဒေါက်တာစိန်ဝင်းဟာ ဒီမိုကရက်တစ်မြန်မာ့အသံ DVB ကို ၁၉၉၂ ခုနှစ်မှာ ဦးဆောင်တည်ထောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်အထိ ဘုတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်လူကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူ ဒေါ်စီစီသွယ်၊ သမီး မေ့လပြည့်စိန်ဝင်းနဲ့ သား ပြည်လရောင်စိန်ဝင်းတို့ ကျန်ရစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013