DVB Logo
Home
နိုင်ငံတကာ
ကုလလုံခြုံရေးကောင်စီ အစည်းအဝေး မယ်လာနီယာထရမ့်ပ် ဦးဆောင်မည်
DVB
·
February 27, 2026
ကုလလုံခြုံရေးကောင်စီ အစည်းအဝေး မယ်လာနီယာထရမ့်ပ် ဦးဆောင်မည်
Donate to DVB

မတ်လ ၂ ရက်နေ့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အစည်းအဝေးပွဲတခုကို သမ္မတကတော် မယ်လာနီယာထရမ့်ပ်က သဘာပတိအဖြစ် ဦးဆောင်မှာဖြစ်တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

ဒီအစည်းအဝေးဟာ အမေရိကန်က ကောင်စီအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူရမဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် သည်းခံနိုင်စွမ်းကို မွေးမြူဖို့ ပညာရေးကို ကိရိယာတရပ်အဖြစ် အသုံးချရေး မီးမောင်းထိုးပြမဲ့ “ပဋိပက္ခကြားမှ ကလေးသူငယ်၊ နည်းပညာနဲ့ ပညာရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ အစည်းအဝေးကို မယ်လာနီယာက ဦးစီးမှာဖြစ်ပါတယ်။

တာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတတယောက်ရဲ့ ဇနီးသည်က အဖွဲ့ဝင် ၁၅ နိုင်ငံပါ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ သဘာပတိလုပ်တာ သမိုင်းမှာ ပထမဆုံး ဖြစ်လာမှာပါ။

ဒီအစည်းအဝေးကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက်ခ်ဝေါ့ဇ်နဲ့ တခြား နိုင်ငံတကာက ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာပါ။

“လုံခြုံရေးကောင်စီရဲ့ အမေရိကန်ဥက္ကဋ္ဌသက်တမ်းမှာ သမ္မတကတော်က သဘာပတိအဖြစ် ဆောင်ရွက်ပေးတာကို အရမ်းသာမိပါတယ်” လို့ မိုက်ခ်ဝေါ့ဇ်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

မယ်လာနီယာဟာ ရုရှားကျူးကျော်စစ်ကာလမှာ ခေါ်ဆောင်ခံခဲ့ရတဲ့ ယူကရိန်းကလေးငယ်တွေ မိသားစုနဲ့ ပြန်လည်ပေါင်းဖက်နိုင်ရေး ကြိုးပမ်းမှုတွေမှာ ပါဝင်နေပါတယ်။

ပုံမှန်အားဖြင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွေကို သံအမတ်ကြီးတွေနဲ့ အစိုးရအဖွဲ့ အရာရှိကြီးတွေကပဲ ဦးဆောင်လေ့ရှိတာပါ။

အခုလို သမ္မတကတော်က ဦးဆောင်လာတာဟာ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကုလသမဂ္ဂကို အစားထိုးဖို့ ရည်ရွယ်ပုံရတဲ့ “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” သစ်ကို စတင်ဖွဲ့စည်းခဲ့ချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013