
မလေးရှားနိုင်ငံမှာ စားနပ်ရိက္ခာ အထွက်နှုန်းမြှင့်တင်ဖို့နဲ့ ဖူလုံမှုကို မြှင့်တင်ဖို့ တရုတ်နိုင်ငံရဲ့ ဆန်နည်းပညာကို သုံးနေပြီး အပူပိုင်းဒေသ စိုက်ပျိုးရေးအတွက် အလားအလာအသစ်တွေကို ဖွင့်လှစ်ပေးနေပါတယ်။
မလေးရှားနိုင်ငံမှာ အပူပိုင်းဒေသ မြေယာရှုခင်းက မြေဩဇာကောင်းပေမဲ့ လိုတဲ့ဆန်ရဲ့ သုံးပုံနှစ်ပုံလောက်ကိုသာ ထုတ်လုပ်ပါတယ်။
တရုတ်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုက မလေးရှားနိုင်ငံရဲ့ စားနပ်ရိက္ခာအတွက် ပိုမှီခိုအားထားနိုင်ဖို့ တွန်းအားပေးမှုကို ပံ့ပိုးပေးနေပါတယ်။
တရုတ်ရဲ့ ဆန်နည်းပညာက သီးနှံကို ရိတ်သိမ်းတဲ့ စိုက်ပျိုးရေးလုပ်ငန်းစဉ်မှာ မြေပြင် အထက်ပိုင်းက စပါးပင်ရဲ့ ရိုးတံအများစုကို ဖြတ်တောက်ပြီးတဲ့နောက် စပါးပင်ရဲ့ ပင်စည်နဲ့ အမြစ်တွေကို ချန်ထားတာပါ။
ဒါမှ စပါးပင်ငုတ်တိုကနေ အပင်သစ်တွေ ထပ်ထွက်လာပြီး နောက်ရာသီမှာ ထပ်စိုက်စရာမလိုဘဲ လတ်ဆတ်တဲ့ စပါးနှံအသစ်တွေ ထပ်ထွက်လာမှာ ဖြစ်ပါတယ်။
Ratoon သီးနှံစိုက်နည်းလို့ လူသိများတဲ့ ဒုတိယရိတ်သိမ်းမှုဟာ လယ်သမားတွေအတွက် အထွက်နှုန်းနဲ့ ဝင်ငွေကို နှစ်ဆတိုးအောင် ကူညီပေး ပါတယ်။
ဖူဂျီယန် စိုက်ပျိုးရေးနဲ့ သစ်တောတက္ကသိုလ် (FAFU) က ပါမောက္ခ လင်ဝမ်ရှောင်းနဲ့အဖွဲ့က မလေးရှားမှာ ဒီလိုနည်းပညာတွေကို အသုံးချခြင်းအားဖြင့် ဒေသတွင်း ထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်ဖို့ ရည်ရွယ်ထားပါတယ်။
ပါမောက္ခ လင်က “တကြိမ်တည်း စိုက်ပျိုးပေမဲ့ သီးနှံနှစ်သီး ရိတ်သိမ်းနိုင်ပါတယ်။ ဒါကြောင့် ဒီကိစ္စမှာ အရင်းအမြစ် ရင်းနှီးမြှုပ်နှံမှုကို ချွေတာနိုင်ပြီး တချိန်တည်းမှာပဲ အထွက်နှုန်းကို တိုးမြှင့်နိုင်ပါတယ်” လို့ ပြောပါတယ်။
မလေးရှားမိတ်ဖက်တွေက ပူးပေါင်းဆောင်ရွက်ဖို့ စိတ်အားထက်သန်ကြပြီး တရုတ်အဖွဲ့ကလည်း ပူးပေါင်းဆောင်ရွက်မှုအပေါ် အလားတူ စိတ်အားထက်သန်ကြတယ်လို့ လင်က ပြောပါတယ်။
ဒီနည်းပညာက လယ်သမားတွေကို တကြိမ် စိုက်ရုံနဲ့ ၂ ကြိမ် ရိတ်သိမ်းနိုင်စေပြီး နှစ်စဉ် ရိတ်သိမ်းမှုကို ၂ ကြိမ်ကနေ ၃ ကြိမ်၊ ၄ ကြိမ်အထိ ထိထိရောက်ရောက် တိုးမြှင့်ပေးနိုင်တဲ့အပြင် မျိုးစေ့၊ လုပ်အား၊ ဓာတ်မြေဩဇာ၊ ရေနဲ့ အချိန်တို့ကိုလည်း သိသိသာသာ သက်သာစေတယ်လို့ သူက ပြောပါတယ်။
Source: Reuters










