DVB Logo
Home
နိုင်ငံတကာ
တရုတ်သမ္မတ မြောက်ကိုရီးယားကို အလည်သွားမည်
DVB
·
June 5, 2026
Photo: Reuters
Photo: Reuters
Donate to DVB

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ လာမဲ့သီတင်းပတ်မှာ မြောက်ကိုရီးယားကို အလည်အပတ်ခရီး သွားရောက်ဖို့ရှိပြီး ဒါဟာ ၇ နှစ်အတွင်း မြောက်ကိုရီးယားကို ပထမဆုံးအကြိမ် သွားရောက်တာ ဖြစ်တယ်လို့ ၂ နိုင်ငံ မီဒီယာတွေက ဖော်ပြပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ဖိတ်ကြားချက်အရ ဇွန် ၈ ရက်နဲ့ ၉ ရက် ၂ ရက်တာ အလည်အပတ်သွားရောက်မှာ ဖြစ်ပါတယ်။ ရှီဟာ ၂၀၁၉ ခုနှစ်က မြောက်ကိုရီးယားနိုင်ငံကို အလည်အပတ် ရောက်ခဲ့ဖူးပါတယ်။

ရှီရဲ့ မြောက်ကိုရီးယားခရီးစဉ်ဟာ အမေရိကန်သမ္မတနဲ့ ရုရှားသမ္မတတို့ တရုတ်နိုင်ငံကို လာရောက်ခဲ့ပြီးတဲ့နောက် ပေါ် ပေါက်လာတဲ့ခရီးစဉ် ဖြစ်ပါတယ်။

ရုရှားနဲ့ အမေရိကန်တို့ဟာ မြောက်ကိုရီးယားရဲ့ နိုင်ငံရေးမူဝါဒအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိနိုင်တဲ့ နိုင်ငံတွေပဲ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ နျူကလီးယား အစီအစဉ်တွေ၊ လူ့အခွင့်အရေးတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် တရုတ်နိုင်ငံက နိုင်ငံရေးနဲ့ စီးပွားရေးအရ အဓိကကျတဲ့နိုင်ငံပဲ ဖြစ်ပါတယ်။

တရုတ်နဲ့ မြောက်ကိုရီးယားနိုင်ငံတို့ဟာ နယ်စပ်တလျှောက် ကီလိုမီတာ ၁,၄၀၀ ထိစပ်နေပြီး ၂ နိုင်ငံ ကာကွယ်ရေးဆိုင်ရာ အပြန်အလှန်အကူအညီပေးဖို့ ကတိပြုထားကြပါတယ်။

ဒီနှစ်ကလည်း တရုတ်နဲ့ မြောက်ကိုရီးယားနိုင်ငံတို့ကြား စာချုပ်,ချုပ်ဆိုထားတဲ့ ၆၅ နှစ်ပြည့်မြောက်တဲ့နှစ်ပဲ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013