DVB Logo
Home
အားကစား
ပရီးမီးယားလိဂ် လုပ်ခအများဆုံးကစားသမားစာရင်း၌ မန်စီးတီးတိုက်စစ်မှူး ဟာလန်း ဦးဆောင်
DVB
·
February 20, 2026
ပရီးမီးယားလိဂ် လုပ်ခအများဆုံးကစားသမားစာရင်း၌ မန်စီးတီးတိုက်စစ်မှူး ဟာလန်း ဦးဆောင်
Donate to DVB

ပရီးမီးယားလိဂ်ရဲ့ လုပ်အားခ အများဆုံးကစားသမားစာရင်းမှာ မန်စီးတီးတိုက်စစ်မှူး အာလင်းဟာလန်းက ထိပ်ဆုံးနေရာကနေ ဦးဆောင်နေပါတယ်။

နော်ဝေတိုက်စစ်မှူးဟာ ဒုတိယနေရာက ဆာလာထက် ပေါင် ၁ သိန်းကျော် လုပ်ခပိုမိုရရှိနေပြီး ပရီးမီးယားလိဂ်သမိုင်းတလျှောက် စံချိန်တင်လုပ်ခလစာရရှိ နေသူပါ။

ဟာလန်းဟာ စီးတီးမှာ တပတ်လုပ်ခအဖြစ် ပေါင် ၅၂၅,၀၀၀ ရရှိနေတယ်လို့သိရပြီး ဆာလာက ပေါင် ၄ သိန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာပါ။

ယူနိုက်တက်ကွင်းလယ်လူ ကတ်စမီရိုက တပတ်လုပ်ခပေါင် ၃ သိန်းခွဲနဲ့ အဆင့် ၃ နေရာမှာရှိပြီး လီဗာပူးနောက်ခံလူ ဗန်ဒိုက်ဟာလည်း တပတ်လုပ်ခပေါင် ၃ သိန်းခွဲနဲ့ အဆင့် ၄ နေရာမှာရှိပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အာဆင်နယ်အသင်းက ဘူကာရိုဆာကာကို တပတ်လုပ်ခပေါင် ၃ သိန်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့ပြီးနောက် ဆာကာဟာ လုပ်ခအများဆုံးစာရင်းမှာ အဆင့် ၅ နေရာအထိ ခုန်တက်လာပါတယ်။

အဲဒီနောက်မှာ ဘရူနိုဖာနန်ဒက်စ်၊ အိုမာမာမွတ်ရှ်၊ အစ်ဆက်ခ်၊ ကိုင်ဟာဗက်ဇ်၊ ဂါဘရီရယ်ဂျေဆု တို့က လုပ်ခအများဆုံးထိပ်ဆုံး ၁၀ ယောက် စာရင်းမှာ အစဉ်လိုက်ရပ်တည်ခဲ့ပါတယ်။

Photo: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013