DVB Logo
Home
အားကစား
လက်ရှိ ကစားသမားများနှင့် အဆင်ပြေမည့် ကစားကွက် တည်ဆောက်မည်ဟု စပါးနည်းပြသစ် ပြော
DVB
·
February 18, 2026
လက်ရှိ ကစားသမားများနှင့် အဆင်ပြေမည့် ကစားကွက် တည်ဆောက်မည်ဟု စပါးနည်းပြသစ် ပြော
Donate to DVB

အသင်းမှာရှိတဲ့ ကစားသမားတွေနဲ့ အဆင်ပြေမဲ့ ကစားကွက်ကို ရှာဖွေတည်ဆောက်သွားမှာ ဖြစ်ကြောင်း စပါးနည်းပြသစ် အီဂေါတူဒါက ပြောပါတယ်။

ခရိုအေးရှားနည်းပြဟာ ဂျူဗင်တပ်အသင်းကို နောက်ဆုံးတာဝန်ယူခဲ့ပြီး ရာသီကုန်အထိ စာချုပ်သက်တမ်းနဲ့ မြောက်လန်ဒန်ကလပ်ဆီ ပြောင်းရွှေ့လာခဲ့တာပါ။

လက်ရှိအသင်းရဲ့ ရပ်တည်မှုက ဘယ်သူမှ လက်ခံလို့မရတဲ့ အခြေအနေဖြစ်ပြီး ရလဒ်ကောင်း အမြန်ဆုံးရဖို့အတွက် ရှိတဲ့ကစားသမားတွေနဲ့ အဆင်ပြေမဲ့ ကစားကွက်ကို ရှာဖွေ တည်ဆောက်သွားမယ်လို့ နည်းပြတူဒါက ပြောပါတယ်။ 

မိမိဟာ တိုက်စစ်အသားပေးကစားချင်တဲ့ နည်းပြတယောက်ဖြစ်ပြီး တချိန်တည်းမှာပဲ ခံစစ်ပိုင်းကလည်း စည်းလုံးညီညွတ်နေဖို့ လိုအပ်ကြောင်း၊ ကစားဟန်ကောင်းမွန်ဖို့က ကစားတဲ့စနစ်ထက်ပိုပြီး အရေးကြီးကြောင်း နည်းပြတူဒါက ပြောပါတယ်။

တူဒါအတွက် စပါးနည်းပြဘဝ ပထမဆုံးပွဲစဉ်အဖြစ် မြောက်လန်ဒန်ဒါဘီပြိုင်ဘက် အာဆင်နယ်နဲ့ အိမ်ကွင်းမှာ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013