DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် နေထိုင်ခွင့်ကျော်လွန်သည့် မြန်မာအပါအဝင် နိုင်ငံခြားသား ၄၀ ကျော် ဖမ်းဆီးခံရ 
DVB
·
February 17, 2026
မဲဆောက်တွင် နေထိုင်ခွင့်ကျော်လွန်သည့် မြန်မာအပါအဝင် နိုင်ငံခြားသား ၄၀ ကျော် ဖမ်းဆီးခံရ 
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာ နေထိုင်ခွင့်ကျော်လွန် (Overstay) တဲ့ နိုင်ငံခြားသား အယောက် ၄၀ ကျော် ဖမ်းဆီးရမိတယ်လို့ တာ့ခ်ခရိုင် လဝကရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

ဖေဖော်ဝါရီ ၁၄ ရက် မနက် ၁၁ နာရီလောက်က မဲဆောက်မြို့  ထာ့ဆိုင်လွတ်ရပ်ကွက် နယ်မြေ ၁ ရှိ  70 Rai (ဧကပေါင်း ၃၀ ကျော်ရှိ) ခြံကျယ်ထဲကို သတင်းအရ ဝင်ရောက်စစ်ဆေးပြီး နေထိုင်ခွင့်သက်တမ်းကျော်လွန်နေတဲ့ ကင်ညာ နိုင်ငံသားတယောက် နဲ့ အီသီယိုပီးယားနိုင်ငံသား ၂၆ ယောက် စုစုပေါင်း ၂၇ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့  ဆိုပါတယ်။ 

အဲဒီနေ့ တရက်တည်းမှာပဲ မဲဆောက် သောင်ရင်းမြစ်ကမ်းရှိ ဈေးအနောက်ဘက်ကနေ နေထိုင်ခွင့်ရက် သက်တမ်း ၆၂ ရက် ကျော်သွားတဲ့ မြန်မာတယောက်ကိုလည်း ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ 

ဖေဖော်ဝါရီ ၁၅ ရက် မနက် ၁၀ နာရီခွဲမှာလည်း ထာ့ဆိုင်လွတ်ရပ်ကွက်ရှိ  70 Rai  ခြံကျယ်ကြီးထဲ ထပ်မံစစ်ဆေးတာမှာ ပတ်စပို့မရှိတဲ့ အသက် ၂၈ နှစ်ရွယ် ပါကစ္စတန်နိုင်ငံသားတယောက်၊ အိုဗာစတေးဖြစ်နေတဲ့ အသက် ၂၂ မှ ၃၁ ကြားရှိ အီသီယိုးပီးယားနိုင်ငံသား ၃ ယောက်၊ အသက် ၂၂ မှ ၃၅ နှစ်ကြား အိန္ဒိယနိုင်ငံသား ၃ ယောက် စုစုပေါင်း ၇ ယောက် ဖမ်းဆီးရမိခဲ့ပါတယ်။ 

ဖေဖော်ဝါရီ ၁၆ ရက် နေ့ခင်းပိုင်းမှာလည်း မဲဆောက် ထာ့ဆိုင်လွတ်ရပ်ကွက် နယ်မြေ ၇ ထဲမှ အထောက်အထားမဲ့ ကင်ညာနိုင်ငံသား ၃ ယောက်၊ အိုဗာစတေး ၂၁၁ ရက်ဖြစ်သူ အသက် ၂၅ နှစ်ရွယ်  နမီးဘီးယားနိုင်ငံသားတယောက်၊ အိုဗာစတေး ၃၅၀ ရက်ဖြစ်သူ အသက် ၂၆ နှစ်ရွယ် အီသီယိုပီးယားတယောက်၊ တရားမဝင် ဝင်ရောက်လာတဲ့ အသက် ၄၀ နှစ်ရွယ် မြန်မာနိုင်ငံသားတယောက် စုစုပေါင်း ၆ ယောက်ကို ဖမ်းဆီးရမိတယ်လို့ ဖော်ပြထားပါတယ်။ 

Source: Tak Immigration

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013