DVB Logo
Home
အားကစား
တိုက်စစ်မှူး ဒီလတ် ချဲလ်ဆီးအသင်းဆီပြောင်းရွှေ့မှု မှားယွင်းကြောင်း ကာရေဂါ သုံးသပ်
DVB
·
February 14, 2026
တိုက်စစ်မှူး ဒီလတ် ချဲလ်ဆီးအသင်းဆီပြောင်းရွှေ့မှု မှားယွင်းကြောင်း ကာရေဂါ သုံးသပ်
Donate to DVB

တိုက်စစ်မှူး ဒီလတ်အနေနဲ့ ချဲလ်ဆီးအသင်းဆီပြောင်းရွှေ့လာတာ မှားယွင်းကြောင်း အင်္ဂလန်နဲ့ လီဗာပူးနောက်ခံလူဟောင်း ကာရေဂါက သုံးသပ်သွားပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာ မနှစ်က ရာသီက တန်းဆင်းသွားတဲ့ အစ်ဆွစ်အသင်းမှာ ပရီးမီးယားလိဂ် ၁၂ ဂိုးသွင်းခဲ့ပြီးနောက် ပေါင်သန်း ၃၀ နဲ့ ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့လာခဲ့သူပါ။

အသင်းအတွက်ပြိုင်ပွဲစုံ ၂၃ ပွဲမှာ ၂ ဂိုးပဲရရှိသေးပြီး ပုံမှန်ပွဲထွက်ခွင့်လည်း မရရှိတာကြောင့် ရုန်းကန်နေရသူပါ။

ဒီယမ်ဒီလတ်အနေနဲ့  ချဲလ်ဆီးအသင်းဆီပြောင်းရွှေ့လာတာက မှားယွင်းပြီး အစ်ဆွစ်နဲ့ ချဲလ်ဆီးအ သင်းကြားမှာ ကြီးမားတဲ့ခြားနားမှုတွေ ရှိတာကြောင့် အလယ်အလတ်အသင်းတသင်းဆီကိုပဲ ပြောင်းရွှေ့ခဲ့သင့်ကြောင်း ကာရေဂါက ပြောပါတယ်။

ဒီလတ်အနေနဲ့ အဲဗာတန်အသင်းလို အသင်းတသင်းဆီပြောင်းရွှေ့မှသာ ပွဲတိုင်းပွဲထွက်ခွင့်ရပြီး စွမ်းဆောင်ရည် ပိုကောင်းလာမှာဖြစ်ကြောင်း ကာရေဂါက ပြောသွားပါတယ်။

Photo: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013