DVB Logo
Home
မြန်မာသတင်း
မူဝါဒအပြောင်းအလဲများကြောင့် စားအုန်းဆီ လက်လီရောင်းသူများ လုပ်ငန်းရပ်နား
DVB
·
February 13, 2026
မူဝါဒအပြောင်းအလဲများကြောင့် စားအုန်းဆီ လက်လီရောင်းသူများ လုပ်ငန်းရပ်နား
Donate to DVB

အစိုးရနဲ့ ဆီကုန်သည်နှင့် လုပ်ငန်းရှင်များအသင်းရဲ့ မူဝါဒအပြောင်းအလဲတွေကြောင့် မြို့နယ်အတွင်း စားအုန်းဆီ လက်လီရောင်းချသူတွေအနေနဲ့ လုပ်ငန်းတွေ ရပ်နားလာတယ်လို့ ရောင်းချသူတွေဆီက သိရပါတယ်။

တပိုင်တနိုင် စားအုန်းဆီ ပြန်လည်ရောင်းချသူတွေအနေနဲ့ အစိုးရရဲ့ မူဝါဒအပြောင်းအလဲ မြို့နယ် ဆီလုပ်ငန်းရှင်များအသင်းရဲ့ မကြာခဏ အမိန့်ထုတ်ပြန်ချက်တွေကြောင့် ရောင်းချချင်စိတ် မရှိတော့ဘဲ လုပ်ငန်းရပ်နားရတာလို့ တောင်ဒဂုံမြို့မှ ရောင်းချသူတယောက်က DVB ကို ပြောပါတယ်။

“အရင်က ရောင်းပေးတဲ့စာရင်းကို စာအုပ်မှာမှတ်ပြီး ပြန်တင်ပေးရတယ်။ အခုကျတော့ ရပ်ကွက်ထဲက ဆီလာထုတ်တဲ့သူတွေကို ကိုယ့်ဘာသာ စာရွက်မှာရေးပြီး လက်မှတ်ထိုးမှ ဆီထုတ်ရမယ်ဆိုပြီး ညွှန်ကြားတယ်။ ရပ်ကွက်ထဲမှာက လူပေါင်းစုံနေတာ၊ စာမတတ်သူတွေကျတော့ ဆီမရောင်းရတော့ဘူးလား။ စားသုံးသူရေးရာက အမိန့်တမျိုး၊ ဆီလုပ်ငန်းရှင်အသင်းက ထုတ်တဲ့ ထုတ်ပြန်ချက်က တမျိုး၊ အစိုးရရဲ့မူဝါဒက တမျိုးဆိုတော့ နောက်ပိုင်း ဆီမရောင်းတော့ဘဲ နားလိုက်တယ်။”

မြို့နယ် ဆီကုန်သည်နှင့် လုပ်ငန်းရှင်များအသင်းအနေနဲ့ တပိုင်တနိုင် ရောင်းချသူတွေကို တရက်ကို စာအုန်းဆီပိဿာ ၃၀ ခွဲတမ်းနဲ့ ရောင်းချပြီး တပိုင်တနိုင် ရောင်းချသူတွေဘက်က ရပ်ကွက်အတွင်းရှိ လူအယောက် ၆၀ ကို တယောက် ၅၀ သားနှုန်းနဲ့ ပြန်ရောင်းချပေးရတာဖြစ်ပြီး အမြတ်မကျန်သလို ဖိအားများတဲ့အတွက်ကြောင့် မရောင်းချတော့ကြောင်း လှည်းကူးမြို့နယ်မှ တပိုင်တနိုင် ရောင်းချသူတယောက်ကလည်း DVB ကို ပြောပါတယ်။

“ဆီ တပိဿာကို ၆,၂၅၀ နဲ့ ပိဿာ ၃၀ ရောင်းပေးတယ်။ ကျနော်တို့က ရပ်ကွက်ထဲမှာ ဆီ ၅၀ သားကို ၃,၅၀၀ နဲ့ လူ ၆၀ ကို ပြန်ရောင်းပေးရတယ်။ ၅၀ သားကို ၃,၁၂၅ ကျပ်ကျတာ၊ ၃,၅၀၀ ယူလို့ မြတ်တယ်မထင်နဲ့၊ သယ်ယူစရိတ်ရှိတယ်၊ ဆီအသင်းကို ၂၀ ရာခိုင်နှုန်း ပေးရတာရှိတယ်၊ အဲဒီ ဆီပိဿာ ၃၀ ရဖို့ အစည်းအဝေးတွေ တောက်လျှောက်တက်ရတဲ့ ကုန်ကျစရိတ်တွေရှိတယ်။ ဝင်စစ်လို့ မှားယွင်းမှုတွေရှိရင် ထောင်ကျမယ်လို့ ခြိမ်းခြောက်တာတွေ ရှိလာတော့ စားအုန်းဆီ ယူမရောင်းတော့ဘဲ ပါကင်ပိတ်ဘူး ဆီတွေပဲ ရောင်းတော့တယ်။”

ကုန်ကျစရိတ်များစွာရင်းပြီး ပိဿာ ၃၀ လောက်သာ ယူရောင်းတဲ့ တပိုင်တနိုင် ရောင်းချသူနားမှာ စားအုန်းဆီအသင်းက ဆီ ၅၀ သားကို ၃,၁၅၀ ကျပ်နဲ့ လာရောင်းတာကြောင့် ရပ်ကွက်အတွင်း ဆီလာထုတ်သူတွေနဲ့ အချေအတင် ပြောဆိုရတာတွေလည်း ရှိတယ်လို့ သူကပြောပါတယ်။

ရပ်ကွက်နေထိုင်သူတွေအနေနဲ့ တပိုင်တနိုင် ရောင်းချသူတွေထံမှာ ဆီ ၅၀ သား ထုတ်ယူဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ငွေ ၅,၀၀၀ ပေးကာ စာအုပ်လုပ်ရပြီး တပတ် စာအုန်းဆီ ၁ ပိဿာကို ၂ ကြိမ်ခွဲ ထုတ်ယူရတာလို့ ဆီထုတ်သူတယောက်က DVB ကို ပြောပါတယ်။

“တပတ်ကို ပုံမှန် ၂ ကြိမ် ထုတ်ပေးတဲ့ ရပ်ကွက်ရှိတယ်၊ တကြိမ်ထုတ်ပေးတဲ့ ရပ်ကွက်ရှိတယ်၊ စျေးက ၅၀ သား ၃,၅၀၀ ပေးရတာ အတူတူပဲ၊ ဆီထုတ်မယ်ဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပေးတဲ့ ဆီစာအုပ်ရှိဖို့လိုတယ်။ အဲ့စာအုပ်ရဖို့လည်း ၅,၀၀၀၊ ၁၀,၀၀၀ လောက် ကုန်တယ်။”

ဆီလုပ်ငန်းရှင်ကြီးတွေက ပေပါလိုက် စာအုန်းဆီတွေ သိုလှောင်တာကို စစ်ဆေးအရေးယူခြင်း မရှိဘဲ ခွဲတမ်းနဲ့ တပိုင်တနိုင် ရောင်းချသူတွေကိုသာ စစ်ကောင်စီက ပစ်မှတ်ထားလာလို့ လုပ်ငန်းရပ်နားကြတာလို့ သုံးသပ်သူတွေလည်း ရှိပါတယ်။

ဆီကုန်သည်နှင့် လုပ်ငန်းရှင်များအသင်းကတော့ နေ့စဥ် စားအုန်းဆီတွေကို ဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားတဲ့ စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချတာ၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်တာတွေ မလုပ်ဖို့ ကြေညာနေပေမဲ့ စစ်တပ်အသိုက်အဝန်းနဲ့ နီးစပ်သူတွေ ဆီသိုလှောင်မှုကိုတော့ အခုထိ ဖော်ထုတ်အရေးယူတာ မရှိဘူးလို့ တပိုင်တနိုင် ခွဲတမ်းနဲ့ ရောင်းချသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013