DVB Logo
Home
မြန်မာသတင်း
၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အဖြစ် ရုပ်ရှင်တသက်တာဆု ၃ ဆု အပါအဝင် အကယ်ဒမီဆု  ၁၈ ဆု ချီးမြှင့်
DVB
·
February 8, 2026
၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အဖြစ် ရုပ်ရှင်တသက်တာဆု ၃ ဆု အပါအဝင် အကယ်ဒမီဆု  ၁၈ ဆု ချီးမြှင့်
Donate to DVB

၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ဖေဖော်ဝါရီ ၇ ရက်က နေပြည်တော်ရှိ MICC (1) မှာကျင်းပတာမှာ ရုပ်ရှင်တသက်တာဆု ၃ ဆု အပါအဝင် အကယ်ဒမီဆု  ၁၈  ဆု ချီးမြှင့်ခဲ့ပါတယ်။

ရုပ်ရှင်တသက်တာဆုတွေကို ဝါရင့် သရုပ်ဆောင် ဒါရိုက်တာ ဦးဌေးအောင်၊ သရုပ်ဆောင်ဒေါ်ခင်လေးဆွေနဲ့ ဒါရိုက်တာ ဦးကြည်စိုးထွန်းတို့က ရရှိပြီး အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို “ပန်းမြိုင်လယ်မှဥယျာဉ်မှူး” ဇာတ်ကားက ရရှိသွားပါတယ်။

အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆုကို “ဗြောသံ” ဇာတ်ကားနဲ့ ဒါရိုက်တာ ဩရသ၊  အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို “မြေစာ” ဇာတ်ကားနဲ့ မြင့်မြတ်၊ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို “မောင့်မိဖုရား ” ဇာတ်ကားနဲ့ ရတနာဗို၊ အမျိုးသားဇာတ်ပို့ဆုကို “မြစ်လက်တက်ပေမဲ့ ရေစီးကကြမ်းတယ်”ဇာတ်ကားနဲ့ နေမျိုးအောင်နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို “မောင့်မိဖုရား”ဇာတ်ကားနဲ့ ခိုင်နှင်းဝေ တို့ကရရှိပါတယ်။

ရုပ်ရှင်ဓာတ်ပုံဆုကို ကိုသားကျော်က “နှင်းပွင့်စေရာ” ဇာတ်ကား၊ အကောင်းဆုံး ရုပ်ရှင်နောက်ခံ တေးဂီတဆုကို ဟန်ထူးဇင်က “မြစ်လက်တက်ပေမဲ့ ရေစီးကကြမ်းတယ်” ဇာတ်ကား၊ အကောင်းဆုံး ရုပ်ရှင်အသံဆုကို နတ်ဝင်သည်ဇာတ်ကားမှ ကိုဂျိုးတို့က ရရှိကြပါတယ်။

အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆုကို “မြို့ပြထဲကလမ်းမ” ဇာတ်ကားနဲ့ “ခွန်”၊ အကောင်းဆုံး ရုပ်ရှင် ဇာတ်ညွှန်းဆုကို “မောင့်မိဖုရား” ဇာတ်ကားနဲ့ သီလံအဖွဲ့နဲ့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို “ပန်းမြိုင်လယ်မှဥယျာဉ်မှူး” ဇာတ်ကားတို့က ရရှိခဲ့တယ်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲတက်ရောက်လာသူတွေထဲက အကောင်းဆုံးအမျိုးသား ဝတ်စား ဆင်ယင်မှု အကြီးတန်းဆုကို အကယ်ဒမီ နေတိုး၊ အကောင်းဆုံး အမျိုးသမီး ဝတ်စားဆင်ယင်မှု အကြီးတန်းဆုကို အကယ်ဒမီ မေသန်းနု၊ အကောင်းဆုံး အမျိုးသားဝတ်စားဆင်ယင်မှုဆုကို ကောင်းမြတ်စံနဲ့  အကောင်းဆုံးအမျိုးသမီး ဝတ်စားဆင်ယင်မှုဆုကို ရတနာဗိုတို့က ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013