DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူ ကိုးတောင်ဘို့တပ်စခန်းကို AA နှင့် ပူးပေါင်းတပ်များ သိမ်း
DVB
·
February 2, 2026
ကန့်ဘလူ ကိုးတောင်ဘို့တပ်စခန်းကို AA နှင့် ပူးပေါင်းတပ်များ သိမ်း
Donate to DVB

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်နဲ့ ကန့်ဘလူနယ်အစပ်က စစ်ကောင်စီနဲ့ ပျူစောထီးတပ်တွေ ထိုင်တဲ့ ကိုးတောင်ဘို့တပ်စခန်းကို အာရက္ခတပ်တော် (AA) ပူးပေါင်းတော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရမိထားတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

အဲဒီစခန်းကို ၄ ရက်ကြာ တိုက်ခိုက်ပြီးနောက် ဇန်နဝါရီ ၃၀ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်တာ၊ ဝန်းသိုအမြောက်တပ်နဲ့ ကျောက်တိုင်ကုန်းကနေ လက်နက်ကြီးနဲ့ ပစ်ကူတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ရေးသတင်းရင်းမြစ်က “ပြီးခဲ့တဲ့ ၃၀ ရက်နေ့က သိမ်းတာ။ လက်ရှိတော့ ကျောက်တန်းမှာ စစ်ရေးတင်းမာနေတယ်။ ကိုးတောင်ဘို့ဆိုတာ စစ်တပ်ရဲ့ အထိုင်စခန်းပဲ။ လက်နက်ခဲယမ်း တချို့လည်း ရတယ်၊ စစ်သုံ့ပန်းတချို့လည်း ဖမ်းမိတယ်။ စစ်ကောင်စီတပ်သားတွေ ကောလင်းနဲ့ ချပ်သင်းဘက်ကို ထွက်ပြေးကြတယ်” လို့ DVB ကို ပြောပါတယ်။

အဲဒီစခန်းမှာ စစ်ကောင်စီနဲ့ ဝါသဝရဲ့ ပျူစောထီးတပ်သား အင်အား ၂၀၀ ဝန်းကျင် အထိုင်ချထားတာဖြစ်ပြီး အာရက္ခတပ်တော် (AA)၊ ကောလင်းခရိုင်တပ်ရင်း ၁၊ ၂၊ ၃၊ ၄၊ ၅၊ ပကဖနဲ့ KB2 ကန့်ဘလူတပ်ရင်းတွေက ဝင်ရောက်တိုက်ခိုက်တာလို့ ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ ဝါသဝရဲ့ ပျူစောထီးခေါင်းဆောင်တယောက် အပါအဝင် ပျူစောထီး အများအပြားကို ဖမ်းဆီးရမိခဲ့ပြီး သေဆုံးသူ ၂၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ကိုးတောင်ဘို့ရွာနဲ့ အနီးက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးထားတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013