DVB Logo
Home
မြန်မာသတင်း
စက်မှုဇုန်‌များကို ၁ ယူနစ်ကျပ် ၉၀၀ နှုန်းဖြင့် ၂၄ နာရီ မီးပေးမည်ဟုဆို
DVB
·
February 2, 2026
စက်မှုဇုန်‌များကို ၁ ယူနစ်ကျပ် ၉၀၀ နှုန်းဖြင့် ၂၄ နာရီ မီးပေးမည်ဟုဆို
Donate to DVB

မြန်မာပြည်တွင်း စက်မှုဇုန်အားလုံးအတွက် LNG သဘာဝဓာတ်ငွေ့က ရရှိတဲ့ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅၀၀ ကို ဖေဖော်ဝါရီ ၁ ရက်ကစပြီး နှုန်းထားအသစ် တယူနစ်ကို ကျပ် ၉၀၀ ကျပ်နှုန်းနဲ့ ၂၄ နာရီ ဖြန့်ဖြူးပေးသွားဖို့ ရှိနေတယ်လို့ စက်မှုဇုန်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

စက်မှုဇုန်နဲ့ ဇုန်ပြင်ပ လုပ်ငန်းတွေကို LNG သဘာဝဓာတ်ငွေ့နဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့က ပြုလုပ်ခဲ့ပြီးနောက် ခုလို နှုန်းထားသစ်နဲ့ လျှပ်စစ်မီးပေးဖို့ အစီအစဉ် ဖြစ်ပေါ်လာတာပါ။

သတ်မှတ်နှုန်းထားသစ်က‌တော့ လျှပ်စစ်မီတာခ ၁ ယူနစ်ကို ကျပ် ၉၀၀ နှုန်းဖြစ်ပြီး ဒီနှုန်းထားကို လာမဲ့ ၂ နှစ်အတွင်း ပြောင်းလဲခြင်းမရှိဘဲ တည်ငြိမ်စွာ ထားရှိဖို့ နိုင်ငံတော်က တာဝန်ယူမယ်လို့ အစည်းအဝေးမှာ ပြောကြားခဲ့ကြောင်း စက်မှုဇုန်က လုပ်ငန်းရှင်တယောက်က ဆိုပါတယ်။

စက်မှုဇုန်တွေအပြင် အများပြည်သူ နေအိမ်တွေကိုလည်း တရက်ကို နာရီ ၂၀ အထိ တိုးမြှင့်ပေးဝေသွားမယ်လို့လည်း သိရပါတယ်။

ဒါဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတုန်းက ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းကို LNG ဓာတ်ငွေ့သင်္ဘော ရောက်ရှိပြီးနောက် ထွက်ပေါ်လာတဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားမဲ့ အစီအစဉ်လည်း ဖြစ်ပါတယ်။

စက်ရုံ အလုပ်ရုံတွေရဲ့ လျှပ်စစ်မီတာခဟာ ၁ ယူနစ်ကို ပျမ်းမျှ ကျပ် ၁၅၀  ကနေ ကျပ် ၅၀၀ နှုန်းအထိ ရှိပါတယ်။ မီးပျက်လို့ မီးစက်နှိုး အလုပ်လုပ်ရင်‌တော့ ၁ ယူနစ်ကို ကျပ် ၁,၀၀၀ ကျော် ကုန်ကျတာလည်း ဖြစ်ပါတယ်။

လက်ရှိကာလဟာ စီးပွားရေးလုပ်ငန်းတွေ အဆင်မပြေကြသလို ၁ ယူနစ်ကို ကျပ် ၉၀၀ နှုန်းက များတဲ့အနေအထားဖြစ်ကြပြီး ၂၄ နာရီ ဖြန့်ဖြူး‌ပေးမဲ့ အနေအထားကို စောင့်ကြည့်ရမယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်တုန်းက ဟောင်ကောင်အခြေစိုက် VPower ကုမ္ပဏီရဲ့ LNG သဘာဝဓာတ်ငွေ့တင် သင်္ဘောကြီးဟာ လျှပ်စစ်ထုတ်လုပ်ဖို့ သီလဝါဆိပ်ကမ်းကို ဆိုက်ကပ်ခဲ့ပြီး အဲဒီတုန်းက လျှပ်စစ်ထုတ်လုပ်တဲ့ စီမံကိန်း ၂ ခု ဆောင်ရွက်ခဲ့‌ပေမဲ့ အာဏာသိမ်းပြီးနောက် ရပ်နားသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013