DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် တနှစ်အတွင်း ရိုဟင်ဂျာ  ၄၅၀ အထိ ဖမ်းဆီးခံရ
DVB
·
January 30, 2026
ဧရာဝတီတိုင်းတွင် တနှစ်အတွင်း ရိုဟင်ဂျာ  ၄၅၀ အထိ ဖမ်းဆီးခံရ
Donate to DVB

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ တနှစ်အတွင်း ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ အယောက် ၄၅၀ အထိ စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

၂၀၂၅ ဇန်နဝါရီလကနေ ဒီဇင်ဘာ ၃၁ ရက်အထိ တနှစ်အတွင်း ကုန်းလမ်း၊ ရေလမ်းတွေကနေ တဆင့် ဧရာဝတီတိုင်းထဲကို ဝင်လာတဲ့ ရိုဟင်ဂျာ အမျိုးသား ၂၉၉ ယောက်၊ အမျိုးသမီး ၁၀၆ ယောက်နဲ့ အသက် ၁၈ နှစ်အောက် ကလေး ၄၅ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “အခုအချက်အလက်က လက်လှမ်းမီသလောက်လေးပါ။ ပြီးခဲ့တဲ့ တနှစ်အတွင်း အဖမ်းခံရတာ အားလုံး ၄၅၀ အထိပေါ့။ ကလေးတွေလည်းပါတယ်။ စစ်ဆေးရေးဂိတ်တွေနဲ့ ကင်းလှည့်နေရင်း တွေ့လို့ အဖမ်းခံရတာများတယ်” လို့ ပြောပါတယ်။

အဲဒီ ရိုဟင်ဂျာ အယောက် ၄၅၀ ကို မြန်အောင်၊ အိမ်မဲ၊ သာပေါင်း၊ ဝါးခယ်မ၊ ရွှေသောင်ယံ၊ ကြံခင်း၊ ဘိုကလေး၊ ငါးသိုင်းချောင်း၊ ရေကြည်၊ ငရုတ်ကောင်း၊ ငပုတော၊ ဟိုင်းကြီးကျွန်း၊ အသုတ် စတဲ့မြို့နဲ့ မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ရိုဟင်ဂျာတွေကို ကူညီပေးသူတယောက်က “စစ်ကော်မရှင်တပ်ရဲ့ အဖမ်းခံထားရတဲ့ ရိုဟင်ဂျာတွေကို လဝက ဥပဒေနဲ့ အရေးယူတာရှိသလို ဘယ်ပုဒ်မနဲ့မှ အရေးယူ အမှုဖွင့်မထားသေးဘဲ ချုပ်နှောင်ခံထားရတဲ့သူတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းထဲရောက်မှ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်ဘက်မှာ စစ်ရေးမတည်မငြိမ် ဖြစ်နေတာနဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီတပ်တွေ၊ ရဲတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေက ခွဲခြားဆက်ဆံ ဖိနှိပ်ခံရတာတွေကြောင့် ဧရာဝတီတိုင်းထဲ ဝင်လာပြီး ပြည်ပနိုင်ငံတွေကို ထွက်ခွာဖို့ ထွက်လာတာလို့ ရိုဟင်ဂျာတွေကို ကူညီပေးနေသူတွေက ဆိုပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်ကနေ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းဘက်ကို စက်လှေတွေ၊ စင်းလုံးငှား မော်တော်ယာဉ်တွေ၊ ရိုးရိုးလှေတွေနဲ့ ထွက်ခွာလာတာဖြစ်ပြီး ရန်ကုန်ကနေတဆင့် မလေးရှားနိုင်ငံကို သွားဖို့အလာ စစ်ကောင်စီတပ်နဲ့ ရဲတွေရဲ့ ဖမ်းဆီးခံရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013