DVB Logo
Home
နိုင်ငံတကာ
အင်ဒိုနီးရှား၌ ရေကြီး မြေပြိုမှုကြောင့် ၁၇ ဦးထက်မနည်း သေဆုံးပြီး ၈၀ ကျော် ပျောက်ဆုံး
DVB
·
January 27, 2026
အင်ဒိုနီးရှား၌ ရေကြီး မြေပြိုမှုကြောင့် ၁၇ ဦးထက်မနည်း သေဆုံးပြီး ၈၀ ကျော် ပျောက်ဆုံး
Donate to DVB

အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ဂျာဗားပြည်နယ် အနောက်ဘန်ဒေါင်းခရိုင်မှာ ရုတ်တရက် ရေကြီး၊ မြေပြိုတာတွေကြောင့် လူ ၁၇ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ အေပီသတင်းဌာနက ထုတ်ပြန်ပါတယ်။

သေဆုံးသူတွေထဲမှာ ရေတပ်သား ၄ ယောက် ပါတယ်လို့ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူဟာမက် အလီက ဇန်နဝါရီ ၂၆ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

သူတို့ဟာ အင်ဒိုနီးရှား-ပါပူအာနယူးဂီနီ နယ်စပ်မှာ ရေရှည် တာဝန်ထမ်းဆောင်မဲ့ အဖွဲ့ဝင် ၂၃ ယောက်ပါ လေ့ကျင့်ရေးတပ်ဖွဲ့ကလူတွေလို့လည်း သူက ပြောခဲ့ပါတယ်။

အင်ဒိုနီးရှား ထိပ်တန်း မရိမ်းတပ်သား ၁၉ ယောက် အပါအဝင် ခန့်မှန်းခြေ ဒေသခံ အယောက် ၈၀ လောက် ပျောက်နေတုန်းပဲလို့လည်း သတင်းတွေက ဖော်ပြပါတယ်။ ဒေသစံတော်ချိန် စနေမနက် ၃ နာရီလောက်မှာ သဘာဝဘေးအန္တရာယ် ဖြစ်ခဲ့တာပါ။

ပါစီယာကွန်နင်းရွာကနေ ပါစီယာ ခုဒါရွာဆီ မြေနဲ့ ရွှံ့တွေ မျောပါမသွားမီ ကျယ်လောင်တဲ့ တုန်ခါသံကို ကြားခဲ့ရတယ်လို့ ဒေသခံတွေက သတင်းပို့ခဲ့ကြပါတယ်။

မြေပြိုတဲ့ အပျက်အစီးတွေနဲ့ ရွှံ့တွေကြောင့် အိမ်ခြေအများအပြား နစ်မြုပ်သွားခဲ့ပြီး ထိခိုက်ခံရတဲ့ နေရာနားက လူနေရပ်ကွက်တွေကို အပြင်းအထန် ပျက်စီးစေခဲ့တယ်လို့ မီဒီယာတွေက ထုတ်ပြန်ပါတယ်။

ခက်ခဲတဲ့ မြေပြင်အနေအထား၊ ထူထပ်တဲ့ မြေပြိုမှုအပျက်အစီးတွေ၊ နောက်ထပ် မိုးရွာသွန်းမှု အန္တရာယ်တွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အဟန့်အတား ဖြစ်စေခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ အမျိုးသားရှာဖွေကယ်ဆယ်ရေးအေဂျင်စီက ပျောက်ဆုံးနေသူတွေကို ရှာဖို့ လေ့ကျင့်ထားတဲ့ ဝန်ထမ်း ၂၅၀ လောက်ကို စေလွှတ်ခဲ့ပါတယ်။

မြေပြင်အနေအထား မတည်ငြိမ်မှုကြောင့် ဒရုန်းတွေ၊ ခြေရာခံခွေးတွေ၊ စက်ယန္တရားကြီးတွေကို အကန့်အသတ်နဲ့ ပံ့ပိုးကူညီတဲ့ အေဂျင်စီတွေ အများအပြားလည်း စစ်ဆင်ရေးမှာ ပါဝင်ရှာဖွေနေတယ်လို့ အေဂျင်စီက ပြောပါတယ်။

မြေလွှာအခြေအနေ မတည်ငြိမ်လို့ ဒုတိယအကြိမ် ဘေးအန္တရာယ်တွေ ဖြစ်ပွားနိုင်ခြေကို ကိုးကားပြီး ဘေးဒဏ်သင့်ဒေသနားမှာ နေသူတွေ သတိရှိရှိနေကြဖို့နဲ့ မြေပြိုလေ့ရှိတဲ့ နေရာတွေနဲ့ ဝေးဝေးနေဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013