DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းအတွက် လုံခြုံရေးအာမခံချက် စာရွက်စာတမ်း အသင့်ဖြစ်နေပြီဟု ဇလန်းစကီး ပြော
DVB
·
January 26, 2026
ယူကရိန်းအတွက် လုံခြုံရေးအာမခံချက် စာရွက်စာတမ်း အသင့်ဖြစ်နေပြီဟု ဇလန်းစကီး ပြော
Donate to DVB

ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်ဆိုင်ရာ အမေရိကန် စာရွက်စာတမ်းက လုံးဝအဆင်သင့်ဖြစ်နေပြီး ယူကရိန်းအစိုးရက လက်မှတ်ထိုးဖို့ အချိန်နဲ့ နေရာကို စောင့်နေတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဇန်နဝါရီ ၂၅ ရက်မှာ ပြောပါတယ်။

ဇလန်းစကီးက “အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ရဲ့ မြို့တော် အဘူဒါဘီမှာ ရုရှားနဲ့ စနေ၊ တနင်္ဂနွေ ဆွေးနွေးပွဲတွေက တိုးတက်မှုတချို့ရှိတာကို ညွှန်ပြခဲ့ပါတယ်။ ကျနော်တို့အတွက် လုံခြုံရေးအာမခံချက်တွေက ဦးစားပေးပါ။ ဒါတွေက အမေရိကန်ပြည်ထောင်စုရဲ့ နှစ်နိုင်ငံ လုံခြုံရေး အာမခံချက်တွေပါ။ စာရွက်စာတမ်းက ၁၀၀ ရာခိုင်နှုန်း အဆင်သင့်ဖြစ်နေပြီး ကျနော်တို့ရဲ့ မိတ်ဖက်တွေက လက်မှတ်ရေးထိုးမဲ့ ရက်စွဲနဲ့ နေရာကို အတည်ပြုဖို့ စောင့်နေပါတယ်” လို့ လစ်သူယေးနီးယားမြို့တော် ဗေးလ်နီးယပ်စ်ကို သွားရောက်လည်ပတ်ချိန် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

သဘောတူညီချက်တွေနဲ့အညီ အမေရိကန် အောက်လွှတ်တော်နဲ့ ယူကရိန်းလွှတ်တော်တို့မှာ အတည်ပြုချက် ရယူသွားမှာပါလို့လည်း ဇလန်းစကီးက ပြောပါတယ်။

ဇန်နဝါရီ ၂၃ နဲ့ ၂၄ ရက်တွေမှာ ယူကရိန်းနဲ့ ရုရှား ညှိနှိုင်းရေးမှူးတွေဟာ အမေရိကန် ကြားဝင်ညှိနှိုင်းရေးမှူးတွေ အပါအဝင် ပထမဆုံး သုံးပွင့်ဆိုင် အစည်းအဝေးကို အဘူဒါဘီမှာ ကျင်းပခဲ့ပြီး ၄ နှစ်နီးပါးကြာ စစ်ပွဲကို အဆုံးသတ်ဖို့ အမေရိကန်အစိုးရရဲ့ မူဘောင်ကို ဆွေးနွေးခဲ့ပေမဲ့ သဘောတူညီချက် မထွက်ပေါ်လာခဲ့ပါဘူး။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013