DVB Logo
Home
အားကစား
One Championship ပွဲတွင် စိုးလင်းဦး ရှုံးနိမ့်ပြီး ကျော်စွာဝင်းနှင့် ဆလိုင်းထန်ခီးရှိန်တို့အနိုင်ရ
DVB
·
January 24, 2026
One Championship ပွဲတွင် စိုးလင်းဦး ရှုံးနိမ့်ပြီး ကျော်စွာဝင်းနှင့် ဆလိုင်းထန်ခီးရှိန်တို့အနိုင်ရ
Donate to DVB

ဇန်နဝါရီ ၂၃ ရက် မနေ့ညက ထိုးသတ်ခဲ့တဲ့ One Championship မွေထိုင်း လက်ဝှေ့ပွဲမှာ သံမဏိလူသားလို့ နာမည်ရထားတဲ့ မာဂုဏ်မြင့်တဲ့ မြန်မာလက်ဝှေ့ကျော် စိုးလင်းဦးဟာ ပြိုင်ဘက် ထိုင်းလူငယ်ကစားသမား ဝိုရာပွန်ကို ပထမအချီမှာပဲ အလဲထိုးနဲ့ ရှုံးနိမ့်သွားပါတယ်။

ပွဲအစမှာ နှစ်ဖက်စလုံး ချိန်ဆပြီး ခွာကစားနေရာကနေ ဝိုရာပွန်ရဲ့ ကန်ချက် ၃ ချက်မြောက်မှာ စိုးလင်းဦးရဲ့ နားအုံကို ထိသွားပြီး ပထမအချီ ၁ မိနစ်နဲ့ ၂၇ စက္ကန့်မှာ အလဲထိုးနဲ့ ရှုံးနိမ့်သွားရတာဖြစ်ပါတယ်။

ဒီပွဲဟာ one championship မှာ စိုးလင်းဦးရဲ့ ၄ ပွဲဆက် အရှုံးဖြစ်ပြီး ရှေ့ ၃ ပွဲကတော့ အမှတ်နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

မြန်မာကစားသမားတွေပါတဲ့ တခြားပွဲစဉ်တွေမှာတော့ ကျော်စွာဝင်းနဲ့ ဆလိုင်းထန်ခီးရှိန်တို့က ပြိုင်ဘက်တွေကို အလဲထိုးနဲ့ အနိုင်ရခဲ့ပြီး နေရိုင်းကတော့ အမှတ်နဲ့ရှုံးနိမ့်သွားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013