DVB Logo
Home
အားကစား
One 170 ပွဲတွင် စိုးလင်းဦးနှင့် မွေထိုင်းဂန္ထဝင် ဆက်ခ်ဆန်းတို့ ထိုးသတ်မည်
DVB
·
October 24, 2024
One 170 ပွဲတွင် စိုးလင်းဦးနှင့် မွေထိုင်းဂန္ထဝင် ဆက်ခ်ဆန်းတို့ ထိုးသတ်မည်
Donate to DVB

လာမယ့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၄ ရက်မှာ ကျင်းပမယ့် One 170 ပွဲမှာ စိုးလင်းဦးက နာမည်ကြီး မွေထိုင်းဂန္ထဝင် ဆက်ခ်ဆန်းနဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမှာ ဖြစ်ပါတယ်။ အဲဒီတွဲဆိုင်းကို အောက်တိုဘာ ၂၃ ရက်က တရားဝင် ထုတ်ပြန်ကြေညာခဲ့တာပါ။

အသက် ၃၂ နှစ်ရှိ စိုးလင်းဦးဟာ One Championship ရဲ့ မွေထိုင်းပြိုင်ပွဲမှာ ၃ ပွဲဆက်တိုက် အလဲထိုးနဲ့ အနိုင်ရခဲ့ပြီးနောက် အမေရိကန်ဒေါ်လာတသိန်းတန်စာချုပ် ချုပ်ဆိုခွင့်ရခဲ့သူပါ။

စိုးလင်းဦးဟာ နောက်ဆုံးထိုးသတ်ခဲ့တဲ့ စက်တင်ဘာ ၂၇ ရက် ပွဲစဉ်မှာ နာဘီလ်ကို အမှတ်နဲ့ ရှုံးနိမ့်ခဲ့ပေမဲ့  ပရိသတ်တွေရဲ့ လက်ခုပ်သံ ရရှိခဲ့သူပါ။

စိုးလင်းဦးနဲ့ထိုးသတ်မယ့် ဆက်ခ်ဆန်းဟာ အသက် ၃၅ နှစ်ရှိပြီဖြစ်ပြီး မွေထိုင်းပွဲပေါင်း ၂၅၀ ကျော် ထိုးသတ်ခဲ့တဲ့ ဂန္ထဝင်ကစားသမားကြီးတယောက်ဖြစ်ပြီး One Championship မှာ ၈ ပွဲဆက်တိုက် အနိုင်ရရှိခဲ့ဖူးပါတယ်။

၉ ပွဲမြောက်မှာ ဂျပန်ဖိုက်တာ အဆာဟိကို ရှုံးနိမ့်ခဲ့ပေမဲ့ စက်တင်ဘာ ၆ ရက်က ဟာရစ်ဆန်နဲ့ပွဲမှာ အထဲထိုးနိုင်ပွဲ ပြန်လည်ရရှိခဲ့ပါတယ်။

သူဟာ ၂၀၁၅ ခုနှစ်က ထိုင်းနိုင်ငံရဲ့ အကောင်းဆုံး မွေထိုင်းကစားသမားဆု ရရှိခဲ့ပြီး မွေထိုင်း ကမ္ဘာ့ချန်ပီယံဆုတွေလည်း ရရှိခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013