DVB Logo
Home
မြန်မာသတင်း
ဗန်းမောက်မြို့တဝက်ကို စစ်ကောင်စီ နှင့် SNA တပ်ဖွဲ့များ ပြန်လည်ထိန်းချုပ်
DVB
·
January 19, 2026
ဗန်းမောက်မြို့တဝက်ကို စစ်ကောင်စီ နှင့် SNA တပ်ဖွဲ့များ ပြန်လည်ထိန်းချုပ်
Donate to DVB

စစ်ကိုင်းတိုင်း အထက်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကို စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီ ၁၅ ရက်လောက်ကနေ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာပြီးနောက် မြို့တဝက်ကို ပြန်လည်ထိန်းချုပ်ထားနိင်တဲ့ အခြေအနေတွေ ရှိလာနေတယ်လို့ ဗန်းမောက်မြို့က ရှေ့တန်း သတင်းရင်းမြစ်တယောက်ဆီက သိရပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ပြင်းပြင်းထန်ထန်နဲ့ မြေပြင်စစ်ကြောင်းတွေက  တဖြည်းဖြည်းချင်း သိမ်းထားတာလို့ ပြောပါတယ်။

“သူတို့ တနေ့က ပြန်ပြီးတော့ စစ်ကြောင်းထိုးလာပြီး တဝက်လောက်ကို နင်းထားလိုက်တယ်၊ ဒီလေကြောင်းပစ်ကူနဲ့ ဒီ Y-12 တွေနဲ့ ဗုံးသီးချပြီးတော့ ဖြည်းဖြည်းချင်းတက်လာတာကနေ ‌နေစရာသိပ်မရှိလို့ နောက်ဆုတ်ပေးထားရတဲ့ အခြေအနေ ဖြစ်တယ်။” 

လက်ရှိအချိန် ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ၊ SNA တပ်ဖွဲ့တွေက မြို့တဝက်စီ ထိန်းချုပ်ထားတဲ့ အနေအထားဖြစ်တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီနဲ့ ရှမ်းနီ SNA တပ်ဖွဲ့တွေက လွန်ခဲ့တဲ့ တပတ်ဝန်းကျင်ကနေ ဗန်းမောက်မြို့ကို စစ်ကြောင်းထိုးနေတာဖြစ်သလို ဇန်နဝါရီ ၁၅ ရက်ကစပြီး ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ရာကနေ မြို့တဝက်ကို ထိန်းချုပ်ထားနိင်တဲ့ အခြေအနေ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က Y-12 လေယာဉ်တွေနဲ့ စစ်ပွဲဖြစ်ပွားနေတဲ့ ပတ်ဝန်းကျင်ကို လေကြောင်းကနေ ထောက်ပို့ပေးတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၉ ရက်နေ့ ညနေအထိ ဗန်းမောက်မြို့ပတ်ဝန်းကျင်က နှစ်ဖက်တိုက်ပွဲသံတွေ ကြားနေရဆဲဖြစ်တယ်လို့ ဗန်းမောက်မြို့နားရှိ ဒေသခံတယောက်ဆီက သိရပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ဗန်းမောက်မြို့ပေါ်က နေအိမ်တွေ ထိခိုက်ပျက်စီးတာရှိသလို စစ်ကောင်စီဘက်က ဒရုန်း၊ ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးတာလည်း ရှိတယ်လို့ သိရပါတယ်။

ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့မှာ သိမ်းပိုက်ရရှိထားတာဖြစ်ပြီးတော့ စစ်ကောင်စီ နဲ့ SNA ပူးပေါင်းတပ်ဖွဲ့တွေက တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013