DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းမှ လူငယ် ၃ ဦး ရန်ကုန်တွင် ပေါ်တာဆွဲခံရပြီး မကွေးတိုင်းဘက် အပို့ခံရ
DVB
·
January 18, 2026
ဧရာဝတီတိုင်းမှ လူငယ် ၃ ဦး ရန်ကုန်တွင် ပေါ်တာဆွဲခံရပြီး မကွေးတိုင်းဘက် အပို့ခံရ
Donate to DVB

ဧရာဝတီတိုင်းကနေ ရန်ကုန်မှာ အလုပ်သွားလုပ်နေတဲ့ လူငယ် ၃ ယောက် ပေါ်တာအဆွဲခံရပြီး မကွေးတိုင်းထဲက တပ်ရင်းတခုဆီကို အပို့ခံထားရတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်၊ သာပေါင်းနဲ့ ပန်းတနော်မြို့နယ်တို့ကနေ ရန်ကုန်ကို အလုပ်သွားလုပ်နေတဲ့ လူငယ် ၃ ယောက်ကို ဇန်နဝါရီလပထမအပတ်မှာ လှိုင်သာယာ အလုပ်ရုံတခုက အပြန် စစ်ကောင်စီတပ်က အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးခဲ့ပြီး မကွေးတိုင်း၊ မင်းဘူးမြို့က စစ်တပ် တပ်ရင်းတခုဆီကို ပို့ခဲ့တာလို့ ဆိုပါတယ်။

မိသားစုဝင် တယောက်က “အတူနေသူငယ်ချင်း ၃ ယောက်လုံး ပေါ်တာအဆွဲခံရတာ။ စက်ရုံကအပြန်မှာ စစ်တပ်နဲ့ အရပ်သားတချို့က ပေါ်တာဆွဲ ဖမ်းခေါ်တာခံရတာ။ သူတို့ ပေါ်တာအဆွဲခံရတာကို မကွေတိုင်းထဲက မင်းဘူးမြို့က တပ်ရင်းတခုကိုရောက်မှ ကလေးတွေက အဆက်အသွယ်ခိုးလုပ်လို့ သိရတာ” လို့ ပြောပါတယ်။

အဓမ္မပေါ်တာဆွဲခံရတဲ့ လူငယ် ၃ ယောက်ဟာ အသက် ၁၉ နှစ်အရွယ်၊ အသက် ၂၀ ကျော် အရွယ်နဲ့ အသက် ၂၉ နှစ်အရွယ် ဖြစ်တယ်လို့ သိရပါတယ်။

လူငယ်တွေရဲ့ မိသားစုဝင်တယောက်က “ရန်ကုန်မှာလိုက်ရှာကြတာ ၂ ရက်လောက်ပဲကြာတယ်။ မကွေးတိုင်းဘက် အပို့ခံရတာ အံ့သြတယ်။ ဟိုဘက်မှာလည်း အလုပ်ကြမ်းတွေခိုင်းတယ်လို့ သိရတယ်။ ကောင်လေးတွေရဲ့ အမေတွေဆို အခု ရူးသလိုဖြစ်နေပြီ။ အချိန်ပြည့်ငိုယိုနေတာ” လို့ ပြောပါတယ်။

အဲဒီလူငယ်တွေဟာ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့ကို ပြောင်းရွှေ့အလုပ်လုပ်နေတာ အချိန် ၂ လကျော်လောက်ပဲ ရှိသေးတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီဟာ အတင်းအဓမ္မစစ်မှုထမ်းစေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၁ ကို ၂၀၂၄ ခုနှစ်မှာ စတင်ဖွင့်ခဲ့ပြီး အခုဆိုရင် သင်တန်းအမှတ်စဉ် ၂၁ ကို စတင်တော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013