DVB Logo
Home
အားကစား
လီဗာပူးတွင် ဆက်ရှိရန် မသေချာဟု နောက်ခံလူ အန်ဒရူးရော်ဘတ်ဆန် ဝန်ခံ
DVB
·
January 16, 2026
လီဗာပူးတွင် ဆက်ရှိရန် မသေချာဟု နောက်ခံလူ အန်ဒရူးရော်ဘတ်ဆန် ဝန်ခံ
Donate to DVB

လီဗာပူးအသင်းမှာဆက်ရှိဖို့ မသေချာကြောင်း နောက်ခံလူ အန်ဒရူးရော်ဘတ်ဆန်က ဝန်ခံပြောသွား ပါတယ်။

အသက် ၃၂ နှစ်ရှိ စကော့တလန်နောက်ခံလူဟာ လီဗာပူးအသင်းရဲ့အောင်မြင်မှုတွေမှာ အဓိက ကျတဲ့နောက်ခံလူတယောက်အဖြစ် ပါဝင်ကစားခဲ့ပေမဲ့ နည်းပြကလော့ပ်နောက်ပိုင်းမှာ ပွဲထွက် ခွင့်နည်းပါးလာခဲ့တာပါ။

အသင်းနဲ့ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အနာဂတ်ကိစ္စအပေါ် အသင်းနဲ့ ဆွေးနွေးနေကြောင်းနဲ့ အသင်းမှာဆက်ရှိဖို့ မသေချာကြောင်းရော်ဘတ်ဆန်က ပြောသွားတာပါ။

အသင်းနဲ့အနာဂတ်ဘာဖြစ်လာမလဲဆိုတာ သေချာမသိနိုင်သေးဘဲ မိသားစုနဲ့ အတူ ဆွေးနွေးဆုံးဖြတ်မှာ ဖြစ်ကြောင်းနဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ရာနူန်းပြည့်ကြံ့ခိုင်မှုမရရှိဘဲ ပွဲစဉ်များ စွာ ကစားခဲ့ရကြောင်းလည်း ရော်ဘတ်ဆန်က ပြောပါတယ်။

၂၀၁၇ ခုနှစ်ကတည်းက ဟားစီးတီးကနေ ပြောင်းရွှေ့လာတဲ့စကော့တလန်ဘယ်နောက်ခံလူဟာ အသင်းအတွက်ပွဲပေါင်း ၃၅၀ ကျော် ပါဝင် ကစားခဲ့ပြီး ချန်ပီယံလိဂ်အပါအဝင် ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ လိဂ်ဖလားတွေရယူ နိုင်ခဲ့သူ ဖြစ်ပါတယ်။ 

Photo:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013