DVB Logo
Home
နိုင်ငံတကာ
အမေရိကန် ကျောင်းများ၌ ကျွေးသည့် အာဟာရအစာတွင် မလိုင်ပြည့်နို့ကို ခွင့်ပြုမည်
DVB
·
January 15, 2026
အမေရိကန် ကျောင်းများ၌ ကျွေးသည့် အာဟာရအစာတွင် မလိုင်ပြည့်နို့ကို ခွင့်ပြုမည်
Donate to DVB

အမေရိကန်နိုင်ငံမှာ ကျောင်းတွေက ကျွေးတဲ့ အာဟာရစာရင်းထဲမှာ အဆီနည်းတာနဲ့ အဆီမပါတဲ့ တခြား ရွေးချယ်စရာတွေနဲ့အတူ မလိုင်ပြည့်နို့ကို ကျွေးမွေးခွင့်ပြုတဲ့ ဥပဒေတရပ်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဇန်နဝါရီ ၁၄ ရက်မှာ လက်မှတ်ရေးထိုးပြီးတဲ့နောက် ၁၅ နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် ကလေးတွေဟာ ကျောင်းမှာ မလိုင်ပြည့်နို့ကို သောက်နိုင်ပါပြီ။ 

ကျန်းမာတဲ့ ကလေးတွေအတွက် မလိုင်ပြည့်နို့ အက်ဥပဒေဟာ ကျောင်းအစားအစာတွေကို စားတဲ့ ကလေး သန်း ၃၀ နီးပါးအတွက် နို့ရွေးချယ်စရာတွေကို တိုးချဲ့ပေးပါတယ်။

ဒါဟာ အရင်သမ္မတ ဘားရက်အိုဘားမား အစိုးရလက်ထက်ကတည်းက ပြဋ္ဌာန်းထားတဲ့ နို့ထွက်ပစ္စည်းလုပ်ငန်းရဲ့ ရေရှည်ဦးစားပေးလုပ်ငန်းတခုလည်း ဖြစ်ပါတယ်။

ဒီအပြောင်းအလဲတွေဟာ ကျနော်တို့ ချစ်မြတ်နိုးပြီး ကျနော့်ကို မဲအများကြီးပေးခဲ့တဲ့ အမေရိကန် နို့စားနွား မွေးမြူသူတွေအတွက် အဓိကအောင်ပွဲတွေ ဖြစ်လိမ့်မယ်လို့ ထရမ့်ပ်က အိမ်ဖြူတော်မှာ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

ဒီဥပဒေဟာ ကျန်းမာရေးဝန်ကြီး ရောဘတ် အက်ဖ်ကနေဒီ ဂျူနီယာကို ထောက်ခံတဲ့ လူမှုရေး လှုပ်ရှားမှုအတွက် နာမည်ပေးထားတဲ့ အစိုးရရဲ့ Make America Healthy Again အမေရိကန်ကို ပြန်ကျန်းမာအောင် လုပ်ကြစို့ ဆိုတဲ့ အစီအစဉ်နဲ့လည်း ကိုက်ညီပါတယ်။

အစိုးရဟာ ကလေးသူငယ်ကာကွယ်ဆေးတွေကို ကန့်သတ်တာနဲ့ အစားအစာတွေထဲမှာ အရောင်အတုတွေ သုံးတာကို တားဆီးတာလိုမျိုး တခြား ဦးစားပေးတွေကို မြှင့်တင်ပေးခဲ့ပါတယ်။

“ဒါက အမေရိကကို ပြန်လည်ကျန်းမာစေမဲ့ လက်တွေ့ကျတဲ့ ပြောင်းလဲမှုမျိုးပါပဲ” လို့လည်း ကနေဒီက အိမ်ဖြူတော်မှာ ပြောခဲ့ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013