DVB Logo
Home
နိုင်ငံတကာ
ဗြိတိန်တွင် လိင်ပိုင်းဆိုင်ရာပုံများ ဖန်တီးမှုကို ရာဇဝတ်မှုအဖြစ် ဥပဒေပြဋ္ဌာန်းမည်
DVB
·
January 13, 2026
ဗြိတိန်တွင် လိင်ပိုင်းဆိုင်ရာပုံများ ဖန်တီးမှုကို ရာဇဝတ်မှုအဖြစ် ဥပဒေပြဋ္ဌာန်းမည်
Donate to DVB

ဗြိတိန်ဟာ သဘောတူညီချက်မရှိတဲ့ လိင်ပိုင်းဆိုင်ရာပုံတွေ ဖန်တီးတာကို ရာဇဝတ်မှုအဖြစ် သတ်မှတ်တဲ့ ဥပဒေတရပ်ကို အခုသီတင်းပတ်ထဲမှာ ပြဋ္ဌာန်းမယ်လို့ နည်းပညာဝန်ကြီး လစ်ဇ် ကန်ဒယ်လ်က ဇန်နဝါရီ ၁၂ ရက်မှာ လွှတ်တော်ကို ပြောပါတယ်။

စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့ Ofcom က အီလွန်မတ်စ်ခ်ရဲ့ X လူမှုကွန်ရက်ကို စတင် စုံစမ်းစစ်ဆေးပြီးတဲ့နောက် နည်းပညာဝန်ကြီး လစ်ဇ် ကန်ဒယ်လ်က လွှတ်တော်ကို ပြောခဲ့တာပါ။

ကုမ္ပဏီတွေအနေနဲ့ အဲဒီလိုပုံတွေကို ဖန်တီးဖို့ ဒီဇိုင်းထုတ်ထားတဲ့ ကိရိယာတွေ ထောက်ပံ့ပေးတာကို ဥပဒေက တရားမဝင်ဖြစ်အောင် သတ်မှတ်မယ်လို့ ကန်ဒယ်လ်က ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်က X ကနေ အဲဒီလို ပုံဖန်တီးမှုအင်္ဂါရပ်ကို အခကြေးငွေပေးသွင်းသူတွေ အတွက်သာ အသုံးပြုခွင့်ပြုဖို့ ကန့်သတ်ရေး လုပ်ဆောင်ခဲ့တဲ့ ခြေလှမ်းတွေက မလုံလောက်ဘူးလို့လည်း သူက ပြောပါတယ်။

ဒါတွေက အန္တရာယ်မရှိတဲ့ပုံတွေ မဟုတ်ပါဘူး။ ဒါတွေက အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို မမျှမတ ရည်ရွယ်တဲ့ အလွဲသုံးစားလုပ်ဖို့ လက်နက်တွေ ဖြစ်တယ်လို့ သူက လွှတ်တော်ကို ပြောခဲ့ပါတယ်။

အစိုးရက X ကို ဆက်သွယ်ရေးနည်းလမ်းအဖြစ် ဆက်သုံး၊ မသုံးဆိုတဲ့ ဆုံးဖြတ်ချက်ကို ပြန်သုံးသပ်သွားမယ်လို့လည်း ကန်ဒယ်လ်က ပြောပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013