
ကမ္ဘာ့ဈေးကွက်တွေမှာ ဘေးကင်းတဲ့ ဝယ်လိုအားကြောင့် ရွှေနဲ့ ငွေတို့ရဲ့ နိုင်ငံတကာဈေးကွက် ဈေးနှုန်းတွေဟာ ဇန်နဝါရီ ၁၂ ရက်မှာ မှတ်တမ်းတင်ထားသမျှ အမြင့်ဆုံးစျေးကို ရောက်ခဲ့ပါတယ်။
တနင်္လာနေ့က နယူးယောက် ကုန်သည်လဲလှယ်ရေးဌာနမှာ အရောင်းအဝယ်အများဆုံးရှိတဲ့ ဖေဖော်ဝါရီလရဲ့ အနာဂတ်ရွှေစျေးဟာ ၂ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး တအောင်စကို အမေရိကန်ဒေါ်လာ ၄,၆၁၂ အထိ ရောက်ခဲ့လို့ တရက်အတွင်း အမြင့်ဆုံးစံချိန်တင်ခဲ့ပါတယ်။
လန်ဒန်ရွှေစျေးဟာလည်း တအောင်စကို အမေရိကန်ဒေါ်လာ ၄,၆၀၀ အမှတ်အသားထက် မြင့်တက်ခဲ့ပြီး ၂ ရာခိုင်နှုန်းကျော် အမြတ်အစွန်းရခဲ့ပါတယ်။
နယူးယောက် ကုန်သည်လဲလှယ်ရေးဌာနမှာလည်း မတ်လမှာ အနာဂတ်ငွေစျေးဟာ တရက်အတွင်း ၅ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး တအောင်စကို အမေရိကန်ဒေါ်လာ ၈၄ ဒေါ်လာ နီးပါးထိ ရောက်ခဲ့ပါတယ်။
လန်ဒန်ငွေစျေးကတော့ တအောင်စကို အမေရိကန်ဒေါ်လာ ၈၄ ဒေါ်လာထက် မြင့်တက်ခဲ့ပြီး တရက်အတွင်း စံချိန်တင် အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။
Source: Reuters










