DVB Logo
Home
နိုင်ငံတကာ
ဂျာမနီ၌ ရာသီဥတုဆိုးရွားမှုကြောင့် စာသင်ကျောင်းများပိတ် 
DVB
·
January 13, 2026
ဂျာမနီ၌ ရာသီဥတုဆိုးရွားမှုကြောင့် စာသင်ကျောင်းများပိတ် 
Donate to DVB

အနောက်ဂျာမနီရဲ့ အစိတ်အပိုင်းတွေမှာ ရေခဲနက်လို့ ခေါ်တဲ့ ရာသီဥတု အခြေအနေတရပ် ဇန်နဝါရီ ၁၂ ရက်မှာ ကျရောက်ခဲ့ပြီး နယ်သာလန်နဲ့ ဘယ်လ်ဂျီယံနယ်စပ်က လူဦးရေအများဆုံးပြည်နယ် ဖြစ်တဲ့ မြောက်ပိုင်း ရိုင်း-ဝက်စ်ဖာလီယာ ပြည်နယ်မှာ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျောင်းပေါင်း ၅၄,၀၀ ကျော်ကို ပိတ်ထားခဲ့ပါတယ်။

အန္တရာယ်ရှိပြီး ကလေးတွေ ဘေးကင်းရေးကို ဦးစားပေးလို့ ပြည်နယ်ပညာရေးဝန်ကြီးက တနင်္လာနေ့အတွက် ညွှန်ကြားချက် ထုတ်ပြန်ပါတယ်။

ကျောင်းသားတွေကို တရက်နားခွင့်မပေးဘဲ အွန်လိုင်းကနေ သင်ကြားမှုမှာ ပါဝင်ဖို့ တောင်းဆိုခဲ့တယ်လို့ ဘွန်းမြို့ရှိ အလယ်တန်းကျောင်းရဲ့ ဒုတိယကျောင်းအုပ်က ပြောပါတယ်။

“ဒါဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း ပထမဆုံး မိတ်ဆက်ခဲ့တဲ့ စနစ်ပါ။ ကျမတို့ စမ်းကြည့်ပြီးပါပြီ၊ ကျမတို့ ကျွမ်းကျင်ပါတယ်၊ အဲဒီလိုဆိုရင် ပညာရေးနဲ့ ဘေးကင်းရေးကို တချိန်တည်းမှာ အာမခံနိုင်ပါတယ်။”

အေးခဲနေတဲ့ မိုးရွာလို့ တနင်္လာနေ့မနက်မှာ မြောက်ပိုင်း ရိုင်း-ဝက်စ်ဖာလီယာနဲ့ တခြားပြည်နယ်တွေ တလျှောက် ပြင်းထန်တဲ့ ရာသီဥတုကို ရင်ဆိုင်ရမဲ့ အလားအလာ မြင့်မားနေတယ်လို့ ဂျာမန် ရာသီဥတုဌာန (DWD) က  အရင်က သတိပေးခဲ့ပါတယ်။

ရေခဲနက် ရာသီဥတု ဆိုတာဟာ နေ့အပူချိန်ကြောင့် နှင်းနဲ့ ရေခဲတွေ အရည်ပျော်ပြီး မျက်နှာပြင်တွေပေါ်မှာ ရေတွေရှိနေချိန် ညအပူချိန်က အေးခဲနေလို့ နှင်းရည်တွေက ပြန်အေးခဲပြီး လမ်းတွေနဲ့ လူသွားစင်္ကြံတွေပေါ်မှာ ပါးလွှာပြီး ထုတ်ချင်းဖောက်မြင်ရတဲ့ ရေခဲချပ်တွေ ဖြစ်လာစေတဲ့ ရာသီဥတုပါ။

ရေခဲနက်တွေဟာ မမြင်ရသလောက်ဖြစ်ပြီး ချော်နေလို့ အင်မတန် အန္တရာယ်ကြီးပါတယ်။ မြောက်ပိုင်း ရိုင်း-ဝက်စ်ဖာလီယာပြည်နယ်မှာ ၂၀၂၄/၂၅ ပညာသင်နှစ်အတွင်း ကျောင်းသား ၂ သန်းကျော် ပညာသင်ကြားနေတယ်လို့ ပြည်နယ်စာရင်းအင်းရုံးက ဆိုထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013