DVB Logo
Home
မြန်မာသတင်း
တသီးပုဂ္ဂလအမတ်လောင်း ဒေါ်စန္ဒာမင်း မဲလာပေး
DVB
·
January 11, 2026
တသီးပုဂ္ဂလအမတ်လောင်း ဒေါ်စန္ဒာမင်း မဲလာပေး
Donate to DVB

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ လသာမြို့နယ်ကနေ တသီးပုဂ္ဂလအမတ်လောင်း အနေနဲ့ ဝင်အရွေးခံတဲ့ ဒေါ်စန္ဒာမင်းဟာ ဒီကနေ့ ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းမှာ လသာမြို့နယ်၊ အမှတ် ၇ ရပ်ကွက်က မဲရုံအမှတ် ၁ မှာ မဲလာပေးတာ တွေ့ရပါတယ်။

NLD အမတ်ဟောင်းတယောက်ဖြစ်ခဲ့ဖူးတဲ့ ဒေါ်စန္ဒာမင်း ဟာ အခု အာဏာသိမ်းစစ်တပ်က ကျင်းပမဲ့ ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ပါတီကနေ ဝင်ပြိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ ရွေးကောက်ပွဲ ကော်မရှင်က UEC က NDF ပါတီကို ဖျက်သိမ်းခဲ့တာကြောင့် တသီးပုဂ္ဂလအနေနဲ့သာ ဝင်ပြိုင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ ကျင်းပနေတဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာ ရန်ကုန်တိုင်းအတွင်းက ဗဟန်း၊ ပန်းဘဲတန်း၊ လသာ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒေါပုံ၊ ပုဇွန်တောင်၊ လှိုင်၊ ရွှေပြည်သာ၊ ထန်းတပင်၊ လှည်းကူး၊ တောင်ဥက္ကလာပ၊ ကိုကိုးကျွန်း၊ ကြည့်မြင်တိုင်နဲ့ အင်းစိန်စတဲ့ ၁၆ မြို့နယ် ပါ ဝင်တာဖြစ်ပါတယ်။

အဲဒီ ၁၆  မြို့နယ်မှာ မဲရုံပေါင်း ၁,၁၇၁ ရုံ ဖွင့်လှစ်ထားပြီး ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ ၁၅ သိန်းကျော်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဆီက သိရပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို  ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013