DVB Logo
Home
အားကစား
အာဆင်နယ်အသင်း၏ လုပ်ခအများဆုံး ကစားသမားဖြစ်လာတော့မည့် ဆာကာ
DVB
·
January 10, 2026
အာဆင်နယ်အသင်း၏ လုပ်ခအများဆုံး ကစားသမားဖြစ်လာတော့မည့် ဆာကာ
Donate to DVB

အသင်းနဲ့ ကာလရှည်စာချုပ်သစ် ချုပ်ဆိုတော့မဲ့ တောင်ပံကစားသမား ဆာကာဟာ အသင်းရဲ့လုပ်ခ အများဆုံး ကစားသမားဖြစ်လာတော့မယ်လို့ သိရပါတယ်။ 

အသက် ၂၄ နှစ်ရှိ အင်္ဂလန်တိုက်စစ်ကစားသမားဟာ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေပေမဲ့ အာဆင်နယ်ဘက်က ၂၀၃၁ ခုနှစ်အထိ ဆက်ရှိစေမဲ့ ၅ နှစ် စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီခဲ့တာပါ။ 

စာချုပ်သစ်အရ တပတ်လုပ်ခ ပေါင် ၃ သိန်းအထိ ရရှိမှာဖြစ်ပြီး လက်ရှိအသင်းမှာ တပတ်လုပ်ခ ပေါင် ၂၈,၀၀၀ နဲ့ အများဆုံးရရှိနေတဲ့ တိုက်စစ်မှူး ကိုင်ဟာဗက်ဇ်ရဲ့ လုပ်ခထက် ကျော်လွန်သွားမှာပါ။

ဆာကာဟာ လက်ရှိအချိန်မှာ တပတ်လုပ်ခပေါင် ၂ သိန်းခန့်ရရှိနေပြီး စာချုပ်သစ်မှာ  ပေါင် ၁ သိန်းခန့် လစာတိုးမြှင့်လာမှာ ဖြစ်ပါတယ်။ 

ဆာကာဟာ အသင်းရဲ့ လူငယ်စီမံကိန်းကနေ ထွက်ပေါ်လာသူဖြစ်ပြီး ၂၀၁၈ ခုမှာ အသင်း ကြီးဆီရောက်လာခဲ့ပြီး လက်ရှိအချိန်အထိ စုစုပေါင်း သွင်းဂိုး ၈၀ ခန့် သွင်းယူထားပါတယ်။

Photo: Reuters 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013