
မာရက်စ်ကာရဲ့နေရာကို အစားထိုးဝင်ရောက်လာခဲ့တဲ့ အသက် ၄၁ နှစ်အရွယ် ချဲလ်ဆီးနည်းပြသစ် ရိုဆီနီယာဟာ နှစ်ရှည်စာချုပ် ချုပ်ဆိုခဲ့ပြီး လူငယ်မျိုးဆက်သစ်တွေနဲ့ အောင်မြင်မှုရယူနိုင်ဖို့ မျှော်မှန်းထားပါတယ်။
တချိန်က ဆာအဲလက်စ်ဖာဂူဆန်ရဲ့ ရဲရဲဝင့်ဝင့် နေရာပေးမှုနဲ့အတူ ၁၉၉၂ မျိူးဆက်က လူငယ် ၆ ယောက်၊ ၇ ယောက်လောက်က အသင်းရဲ့ဆုဖလားတွေရယူမူမှာ အဓိက ကျောရိုးကစားသမားတွေ ဖြစ်ခဲ့တာကို အမှတ်ရမိပြီး ချဲလ်ဆီးအသင်းကိုလည်း အလားတူ လုပ်ဆောင်နိုင်ဖို့ ကြိုးပမ်း သွားမှာဖြစ်ကြောင်း ရိုဆီနီယာက ပြောပါတယ်။
နည်းပြကြီး ဖာဂူဆန်ဟာ ၁၉၉၂ က အသင်းရဲ့အကယ်ဒီ မျိုးဆက်သစ်တွေဖြစ်တဲ့ ရိုင်ယန်ဂစ်၊ ဘက်ခမ်း၊ ပေါလ်စခိုး၊ နစ်ကီဘတ်၊ ဖီးလ်နဗီးလ်နဲ့ ဂယ်ရီနဗီးလ် တို့လို ကစားသမားတွေကို မြေတောင်မြှောက်ပေးပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာပါ။
ကိုင်ဆီဒို၊ ဖာနန်ဒက်ဇ်၊ ကိုးလ်ပါလ်မာနဲ့ ရိစ်ဂျိမ်းစ်တို့ဟာ ကမ္ဘာ့အဆင့်ကစားသမားတွေ ဖြစ်ပေမဲ့ ငယ်ရွယ်နေဆဲဖြစ်ပြီး တခြားလူငယ်မျိုးဆက်သစ်တွေနဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ဖို့က အကြီးမားဆုံး ရည်မှန်းချက်ဖြစ်ကြောင်း နည်းပြ ရိုဆီနီယာက ပြောသွားပါတယ်။
Photo: Reuters










