DVB Logo
Home
မြန်မာသတင်း
နမ့်လန်တွင် စစ်ကောင်စီက ကွင်းလမ်းများအထိ တရုတ်သွင်းကုန်များကို လိုက်ဖမ်း
DVB
·
January 10, 2026
နမ့်လန်တွင် စစ်ကောင်စီက ကွင်းလမ်းများအထိ တရုတ်သွင်းကုန်များကို လိုက်ဖမ်း
Donate to DVB

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နမ့်လန်မှာ စစ်ကောင်စီက တရုတ်သွင်းကုန်ပစ္စည်းတွေကို ကွင်းလမ်းတွေအထိ လိုက်လံဖမ်းဆီးနေပြီး ကျောက်မီးသွေးကားတွေကိုလည်း စစ်ဆေးရေးတင်းကျပ်နေတယ်လို့ ကုန်သည်နဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။

ကုန်သည်တယောက်က “နမ့်လန်မှာ တရုတ်ကုန်တွေ လိုက်ဖမ်းနေတယ်။ အာလူး၊ ကြက်သွန်တွေတောင်မှ လိုက်ဖမ်းနေတယ် ကြားတယ်” လို့ ပြောပါတယ်။

ဇန်နဝါရီ ၅ ရက်လောက်ကစလို့ တရားမဝင်ကုန်စည်တိုက်ဖျက်ရေး အကြောင်းပြချက်နဲ့ တရုတ်နယ်စပ်ဘက်ကဝင်တဲ့ အဆင်းကုန်ဖြစ်တဲ့ စားသောက်ကုန်တွေကိုပါ လိုက်ဖမ်းနေတာလို့ ဆိုပါတယ်။

ကုန်တင်ယာဉ်မောင်းတယောက်က “နမ့်လန်မြို့ပေါ်မှာကို ဖမ်းနေတာ။ အဆင်းကားတွေ။ တာလုံ၊ မိုင်းခေးလို ကွင်းလမ်းတွေကနေပါ လိုက်ဖမ်းနေတယ်ကြားတယ်။ သီပေါ ၉ မိုင်ဘက် ကားတွေလည်း ဖမ်းမိတယ်ကြားတယ်” လို့ ပြောပါတယ်။

ဖမ်းခံရတဲ့ကားတွေကိုလည်း ကုန်စုံကားတွေက တစီးကို ကျပ်သိန်း ၁၀၀ နဲ့ ရွေးရတယ်လို့ ကြားရပြီး တချို့က တော့ ကုန်ချပြီး ကားအလွတ်ပဲ ရွေးထုတ်လာတာတွေ့ရတယ်လို့ သူကဆက် ပြောပါတယ်။

“ပေါ်ပေါ်တင်တင်မှ မရှိဘဲ တခါတည်း ကားချိန်းပြီးမှ လုပ်တာ။ စစ်ကောင်စီက ဒီ သီပေါတံတား ဘက်မှာ နေရာပြန်ရပြီ ဆိုတော့ ကယ်ရီကားတွေ ရသလောက် ဆွဲစိမှာ”

ဒါ့အပြင် လူကြီးလမ်းကြောင်းမရှိဘဲ လူကြီးလမ်းကြောင်းရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောက်မီးသွေးကားတွေကိုလည်း စစ်ဆေးရေးတင်းကျပ်ပြီး လမ်းကို လုံးလုံးပိတ်ထားတာမျိုး မဟုတ်ပေမယ့် ကားတွေ ၃ ရက်လောက်အထိ တန်းစီစောင့်ဆိုင်းခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ MNDAA တပ်ဖွဲ့က သီပေါ တံတားကနေ ၉ မိုင် လမ်းဆုံအထိ ဆုတ်ခွာထားပြီဖြစ်ပြီး လားရှိုးမြို့အဝင်လမ်းမပေါ် မယ်ဟန်ဂိတ်ကနေလည်း နမ့်ပေါင်လမ်းဆုံ မရောက်ခင် ခိုဆန်တန် အထိဆုတ်ခွာထားသလို ရွာအတွင်းထဲမှာတော့ တပ်စွဲထားဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီက တရားမဝင် ကုန်စည်တိုက်ဖျက်ရေး အကြောင်းပြချက်နဲ့ နမ့်လန် - ကျောက်ဂူလမ်းပိုင်းမှာ တရုတ်ကုန်တွေနဲ့ လိုင်စင်မဲ့ကား အစီး ၆၀ လောက်အပြင် ယာဉ်မောင်းတချို့ကိုပါ  ဖမ်းဆီးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013