
ဘာစီလိုနာအသင်းဟာ ဆော်ဒီကလပ် အယ်ဟီလာအသင်းနောက်ခံလူ ကန်ဆယ်လိုကို အငှားစာချုပ်နဲ့ ခေါ်ယူသွားမှာဖြစ်ကြောင်း အားကစားဒါရိုက်တာ ဒေကိုက အတည်ပြုသွားပါတယ်။
ပေါ်တူဂီ ညာနောက်ခံလူဟာ ၂၀၂၃-၂၀၂၄ ရာသီကလည်း ဘာစီလိုနာမှာ တရာသီ အငှားလာကစားခဲ့ဖူးပြီး ဒုတိယ အကြိမ်ပြန်ရောက်လာတော့မှာပါ။
ကန်ဆယ်လိုဟာ အသင်းနဲ့ ဆေးစစ်မှု မလုပ်ဆောင်ရသေးပေမဲ့ ဘာစီလိုနာကို လာနေပြီး မကြာခင်မှာ အပြီးသတ်စာချုပ် ချုပ်ဆိုနိုင်တော့မှာဖြစ်ကြောင်း ဘာစီလိုနာ အားကစားဒါရိုက်တာ ဒေကိုက အတည်ပြုပါတယ်။
အသက် ၃၁ နှစ်ရှိ နောက်ခံလူဟာ မနှစ်ကရာသီကတည်းက အယ်ဟီလာအသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီး စုစုပေါင်း ၃၄ ပွဲမှာ ၂ ဂိုးသွင်းပြီး ၁၀ ကြိမ်ဂိုးဖန်တီးနိုင်ခဲ့သလို အခုနှစ်ရာသီ ၁၁ ပွဲ ကစားအပြီးမှာလည်း ၁ ဂိုးသွင်းပြီး ၃ ကြိမ်ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။
Photo: Reuters










