DVB Logo
Home
နိုင်ငံတကာ
Star Wars ဗားရှင်းသစ်အတွက် Smart Bricks များကို Lego ဖော်ပြ
DVB
·
January 7, 2026
Star Wars ဗားရှင်းသစ်အတွက် Smart Bricks များကို Lego ဖော်ပြ
Donate to DVB

ကစားစရာထုတ်လုပ်တဲ့ ‌Lego ကနေ နည်းပညာအသုံးပြုထားတဲ့ Smart Bricks တွေကို ဖော်ပြခဲ့ပါတယ်။

ဒါဟာ Lego ကျွမ်းကျင်တဲ့ ကစားသမားတွေရဲ့ ဝေဖန်မှုတွေ ရှိနေပေမဲ့ Smart Bricks တွေကို ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

Lego ကစားနည်းဟာ ဒစ်ဂျစ်တယ် ကစားစရာတွေ ပေါများတဲ့ခေတ်မှာ ကလေးတွေအတွက် ထူးခြားတဲ့ ကစားနည်းအဖြစ် ရှိနေပြီး ဒီလို Smart Bricks တွေက ကစားသူအရေအတွက် လျော့ကျစေမယ်လို့ ကျွမ်းကျင်တဲ့ ကစားသမားတွေက ဆိုပါတယ်။

လတ်ဗီးဂတ်စ်မှာ ပြုလုပ်တဲ့ CES ပွဲမှာ ဒိန်းမတ်ကစားစရာပြုလုပ်တဲ့ Lego ဟာ Smart Play စနစ်ကို မူလ ပလတ်စတစ်အတုံးတွေနဲ့ တွဲသုံးဖို့ မိတ်ဆက်ပေးခဲ့တာပါ။

ဒီ Smart Bricks တွေဟာ ဆင်ဆာနဲ့ မီးလင်းမယ်၊ အသံထွက်မယ်၊ လှုပ်ရှားမှုတွေကို တုံ့ပြန်ပေးနိုင်မယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အလင်းဆင်ဆာ၊ အသံဆင်ဆာတွေလည်း ပါဝင်သလို သေးငယ်တဲ့ မိုက်ခရိုဖုန်းတွေလည်း ထည့်သွင်းထားပါတယ်။

Lego က လာမဲ့မတ်လမှာ စတင်ထုတ်ပြန်မဲ့ Star Wars ဗားရှင်းအသစ်မှာ နည်းပညာသစ်တွေကို ထည့်သွင်းမယ်လို့လည်း ဆိုပါတယ်။

ဒါဟာ နှစ်ပေါင်း ၅၀ နီးပါးအတွင်းမှာ Lego ကစားစရာအရုပ်တွေကို ပြောင်းလဲမှုအကြီးမားဆုံးနဲ့ တီထွင်ဖန်တီးမှုလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ Fairplay ရဲ့ အမှုဆောင်ဒါရိုက်တာ ဂျွန်ဂိုလင်က Lego တုံးတွေမှာ Smart Bricks တွေ ပြောင်းတာက ကလေးတွေရဲ့ စိတ်ကူးစိတ်သန်းကို အနှောင့်အယှက် ဖြစ်စေနိုင်ပြီး Lego ကစားမှုနှုန်း ကျနိုင်တယ်လို့ သူ့ရဲ့အမြင်ကို ပြောပါတယ်။

ကစားစရာတွေမှာ အသံတွေ ဒါမှမဟုတ် တခြားအထူးပြုလုပ်ချက်တွေ မလိုအပ်ဘူးလို့ သူ့ရဲ့အမြင်ကို ပြောထားပါတယ်။

အီဒင်ဘတ်တက္ကသိုလ်ရဲ့ ကလေးနဲ့ နည်းပညာဆိုင်ရာ ပရော်ဖက်ဆာ အန်ဒရူးမန်ချက်စ်က ရိုးရှင်းတဲ့ Lego အရုပ်လေးတွေဟာ ကလေးတွေရဲ့ စိတ်ကူးတွေနဲ့ အဆုံးမရှိတဲ့ ဇာတ်လမ်းတွေ ဖန်တီးနိုင်တယ်လို့ ပြောထားပါတယ်။

အန်ဒရူးမန်ချက်စ် ကတော့ ဒစ်ဂျစ်တယ်နည်းပညာ ပေါင်းစပ်တာကို ကြိုဆိုတဲ့အကြောင်းလည်း ပြောခဲ့ပါတယ်။

Lego ကုမ္ပဏီရဲ့ မားကက်တင်းနဲ့ ထုတ်လုပ်မှုအရာရှိ ဂျူလီယာဂိုလ်ဒင်က အရုပ်လေးတွေမှာ ဒစ်ဂျစ်တယ်နည်းပညာ ပေါင်းစပ်တာက ရုပ်ဝတ္ထုဆိုင်ရာ ကစားမှုတွေနဲ့ တည်ဆောက်မှုတွေကို ချဲ့ထွင်တာဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ်ကမ္ဘာကြီးမှာ ဒီလိုထည့်သွင်းတာကို ခြိမ်းခြောက်မှုလို့ မြင်လို့မရကြောင်း၊ Smart Brick တွေဟာ ရိုးရိုးအရုပ်တွေနဲ့ အပြန်အလှန်ရပ်တည်နိုင်မဲ့ နောက်ထပ် ထပ်ပေါင်းမှုတခုသာ ဖြစ်တဲ့အကြောင်း ပြောထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013